🏞 1

2.3K 179 56
                                    

Scroll Down For [Unicode Version]

[Zawgyi Version]

" လူ့ဘဝသည် သုံးဆယ့်တစ်ဘုံထဲတွင် အမြတ်ဆုံးဖြစ်သည် " ဟု ဘုရားကျမ်းဂန်လာစာပေများက အလင်းဆောင်ခဲ့ကြသည်။
သို့သော်လည်း ကျွန်တော့်၏ခံယူချက်တွင် လူ့ဘဝသည် " စုပ်လျှုင်စူး စားလျှင်ရူးသည့် ပဒိုင်းသီး "နှင့်တူလှသည်။ အလွန်တရာမှ ကြောက်မက်ဖွယ်ကောင်းလှသော မာယာများနှင့်ပြည့်နှက်နေသောကြောင့် လမ်းမှားရောက်သွားလျှင် အန္တရာယ်များက မျက်ခုံးပင့်ပြလျက် လက်ယက်ကာ အဆင့်သင့်စောင့်ကြိုနေပေသည်မှာ မာယာဝင်္ကပါ၏ ဓမ္မတာပေတည်း ။

ဤမျှစက်ဆုပ်ဖွယ်ရာကောင်းသောလူအများခံယူထားသောလူ့လောကကြီးမှ ခဏတာလွတ်မြောက်ချင်ကာ ကျွန်တော့်၏ ကိုယ်ပိုင်ကမ္ဘာလေးအား ရှာဖွေချင်မိပါသည်။ နှစ်ဆယ့်လေးနာရီလုံးလုံး အလုပ်ထဲတွင် စိတ်ရောခန္ဓာပါမြှပ်နှံထားရသည့်အတွက် လူလဲ ပင်ပန်းလှပါပြီ။ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာနှင့်စိတ်တို့ကို ခဏတာအနားပေးရန်အတွက် အပန်းဖြေခရီးထွက်မည်ဟု ဆုံးဖြတ်မိတော့သည်။

သွားမည့်ခရီးမှာ နှစ်လနီးပါးမျှကြာမြင့်မည်ဖြစ်သောကြောင့် အနွေးထည်နှင့်အဝတ်အစားများကို လုံလုံလုံလောက်လောက်ယူရသေးသည်။မိမိမှာ အားကစားတွင်ဝါသနာအထုံပါသည့်သူဖြစ်သည့်အလျှောက် တောင်တက်ရသည်ကိုလည်း အလွန်နှစ်ခြိုက်သူဖြစ်ပါသည်။ထို့ကြောင့်တောင်တက်ရာတွင် သက်တောင့်သက်သာဖြစ်စေမည့် အားကစားဖိနပ်တစ်ရံကိုလည်း ယူရပါသည်။အရွယ်ရောက်လာကတည်းက လုပ်ငန်းတွင်ဘဝကိုမြှပ်နှံခဲ့ရသည့်အတွက် စိတ်ပင်ပန်းမှုများသည် မိမိ၏ အဖော်မွန်သဖွယ်ဖြစ်ခဲ့ရပါသည်။စိတ်ဖိစီးမှု အရမ်းများသဖြင့်လည်း တစ်ခါတစ်ရံတွင် စိတ်ကျဝေဒနာကို ခံစားတတ်ရပါသေးသည်။ထို့ကြောင့် သွားလေရာနေရာတိုင်းတွင် ဆေးကဒ်များကို မဖြစ်မနေသယ်သွားရပါသည်။စာဖတ်ဝါသနာပါသူဖြစ်သည့်အလျောက်လည်း အကြိုက်ဆုံးသော စာအုပ်အချို့ကိုထည့်ရပေမည်။ဓာတ်ပုံရိုက်ခြင်းကိုနှစ်သက်သူဖြစ်သောကြောင့်လည်း လက်စွဲတော် ကန်နွန် ကင်မရာလေးမှာလည်း မပါမဖြစ်ထည့်သွားရမည်။လိုအပ်သည့် ပစ္စည်းများမှာ အတော်အတန်စုံသွားပြီဖြစ်သောကြောင့် ခရီးဆောင်အိတ်မှာလည်း အနည်းငယ်ဖောင်းကားလျက်ရှိသည်။ခရီးဆောင်အိတ်ကိုဆွဲကာ အိမ်မှထွက်ခွာမည်အပြုမှာ လက်ပေါ်သို့ကျရောက်လာသော တခြားတစ်ယောက်၏ လက်တစ်စုံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့

Call Me By Your Name (Taekook version)Where stories live. Discover now