ခါရာသီတို့ကုန်ဆုံး၍ ပထမနှစ်ပြီးဆုံးသွားသည့်တိုင် ကျွန်မသည် ချစ်ရသူအား ငေးကြည့်ရုံသာတတ်နိုင်ခဲ့သည်။ သို့သော် တနေ့ ကျွန်မသည် ချစ်ရသူနှင့်ထိုက်တန်သော မိန်းမတစ်ယောက်ဖြစ်သည်ကို ချစ်ရသူကိုယ်တိုင်သိလာစေရမည်။
ဒုတိယနှစ်သို့ရောက်သောအခါ ကျွန်မသည်အရင်ကထက် အလှပြင်လာသည်ဟုကိုယ့်ကိုယ်ကို ထင်မိသည်။ ချစ်ရသူ၏စိတ်ကို အပိုင်ရရှိနိုင်ရန် မျှော်လင့်ချက်တစ်ပိုင်းတစ်စကိုလည်း ဆုပ်ကိုင်ခွင့်ရခဲ့ပါသည်။ ကျွန်မသည် ဝါသနာအရ ကျောင်း၏စာပေအသင်းသို့ဝင်ခဲ့သည်။ မျှော်လင့်ချက်ဟုဆိုရသည်မှာလည်း ချစ်ရသူသည်စာပေအသင်း၏ ဦးဆောင်သူတစ်ဦးဖြစ်နေခဲ့ခြင်းသာ ဖြစ်ပါသည်။ သို့သော် ကျွန်မအတွက်မူ ကျွန်မနှင့်သူ၏ကြားရှိ မဟာတံတိုင်းတစ်ခုပြိုကျသွားသကဲ့သို့ ပျော်ရွှင်ဝမ်းမြောက်ရသည်။
အသင်း၏လှုပ်ရှားမှုများတွင် ကျွန်မသည် အမြဲမပြတ်ပါဝင်နေခဲ့သည်ဖြစ်ရာ ချစ်ရသူသည်ကျွန်မအားမျက်မှန်းတန်းမိလာသည်ဟု ကျွန်မထင်သည်။ ထို့အပြင် ချစ်ရသူသည် ဆိုရှယ်မီဒီယာပေါ်တွင်တင်ထားသော ကျွန်မ၏ခရီးသွားစဉ်ရိုက်ထားသော ဓာတ်ပုံကလေးကို လိုက်ခ်ပေးသွားသည်လေ။ ပထမဆုံးရရှိသော သူ့ထံမှဂရုပြုမှုသည် ဤကဲ့သို့ဖြစ်ကြောင်းသိသောအခါ ကျွန်မပြုံးမိသည်။
"ညီမလေး မိုးသဇင်...ညီမလေးက ကဗျာစာတိုလေးတွေရေးတာ သိပ်ကောင်းတာပဲ။ ညီမရေးထားတာ အကိုအမြဲဖတ်ဖြစ်တယ်''
အလို......ဘုရားရေ။ ချစ်ရသူသည် ကျွန်မ၏နာမည်ကိုသိရုံသာမက ကျွန်မရေးသည့် ခံစားချက်စာတိုကလေးများကိုပါဖတ်ပါသည်တဲ့။ ကျွန်မလေ အိမ်မက်မက်နေတာများလားကွယ်။
"ဒါနဲ့တောင် တခါမှ ကဗျာတွေဘာတွေ ထွက်မဖတ်ဘူးနော်။ ညီမက စာရေးကောင်းတာပဲဟာ။ သူများတွေထွက်ဖတ်တာပဲ။ ညီမလေးလဲ ထွက်ဖတ်ပါလား။ အကိုတို့ကိုပြန်မျှဝေပေါ့''
ကျွန်မသည်ရင်ထဲက ကြည်နူးမှုကိုဖော်ပြရန်ပင် မစွမ်းသာခဲ့ပါ။
"ဟုတ်ကဲ့.....အကို'' ဟု သာတုန့်ပြန်နိုင်ခဲ့ပါသည်။
VOUS LISEZ
သူသိစေချင်ပါသည် [ သူသိစေချင်ပါသည် ]
Nouvelles"ချစ်ခြင်းမေတ္တာကို ဖွင့်ဟပြောဆိုရာတွင် ယောက်ျားနှင့်မိန်းမကြား မည်သို့ကွာခြားမှုရှိပါသနည်း" "ချစ်ခြင်းမေတ္တာကို ဖွင့်ဟပြောဆိုရာတွင် ယောကျ်ားနှင့်မိန်းမကြား မည်သို့ကွာခြားမှုရှိပါသနည်း" [ Zawgyi + Unicode ]