အချစ်
အချစ်ဆိုတာကို ခင်ဗျားတို့ ဘယ်လိုခံယူထားလည်းမသိပေမဲ့ ကျွန်တော်ကတော့ အချစ်ဆိုတာ ပေးဆပ်ခြင်း အနစ်နာခံခြင်းလို့ ခံယူထားတယ်ရယူပိုင်ဆိုင်ခြင်း ပူလောင်တယ်
စွန့်လွတ်ခြင်း နာကျင်တယ်ကို့ ကိုမချစ်တဲ့သူတစ်ယောက်ကို ရယူပိုင်ဆိုင်ဖို့ကြိုးစားရင် ပူလောင်တာပေါ့
ကို ချစ်တဲ့သူရဲ့အဝေးမှာမဆိုင်တော့တဲ့သူတစ်ယောက်လို အပြီးပိုင်စွန့်လွတ်လိုက်ရင် နာကျင်တာပေါ့
ကျွန်တော်ကတော့ သူငယ်ချင်းဆိုတဲ့စည်းခြားနေလျက်နဲ့ သူရဲ့အနီးဆုံးမှာဘဲ တိတ်တခိုးအချစ် တစ်ဖတ်သတ်အချစ်တွေနဲ့ဘဲနေချင်တယ်
တစ်ချို့ကပြောကျတယ် ချစ်ရတဲ့သူကို သူငယ်ချင်းမတော်ချင်ဘူး ချစ်သူဘဲတော်ချင်တယ်တဲ့ သူငယ်ချင်းဆိုတဲ့စည်းခြားနေလို့ချစ်သူဆိုတာဖြစ်လာဖို့ခက်ခဲတယ် ဒါကြောင့် ချစ်ရသူကို သူငယ်ချင်းမတော်ချင်ဘူးတဲ့
ကျွန်တော်ကတော့သူနဲ့အနီးဆုံးမှာနေခွင့်ရတဲ့ငယ်သူငယ်ချင်းပေါ့
"သက်တန့် ဘာထိုင်လုပ်နေတာလဲ အတန်းမတက်ဘူးလား"
"အာ ဖန်ဆင်းရှင် မင်းကိုစောင့်နေတာ မင်းကလည်းဒီနေ့နောက်ကျလိုက်တာ"
ဟုတ်ပါတယ် ကျွန်တော် ထိုင်နေကျခုံတန်းလေးမှာသူ့ကို ထိုင်စောင့်နေရင်း တွေးနေမိတာပါ
"အော် မင်းကလည်းနော် ဘယ်လောက်ပြောပြောမရ ဖန်ဆင်းရှင်လို့ အပြည့်စုံမခေါ်ပါနဲ့ဆိုတာကို မင်းကလေငါ့ငယ်သူငယ်ချင်းဖြစ်ပြီး အဲ့လိုခေါ်တော့ နားထောင်ရတာတစ်မျိုးကြီးဘဲ"
ဟင့်အင်း ဖန်ဆင်းရှင်လို့ဘဲအပြည့်စုံခေါ်ချင်တာ ဘာလို့လဲဆိုတော့ သူကကျွန်တော့ရဲ့ဖန်ဆင်းရှင်ကြီး သက်တန့်ရောင်ရဲ့ဖန်ဆင်းရှင်ဖြစ်နေလို့ဘဲ
"ငါ့ဘာသာဘယ်လိုခေါ်ခေါ်ကွာ ဒါနဲ့သံစဉ်ရောရောက်ပြီလား"
"အေး ဒီနေ့ယွန်းနေမကောင်းလို့ မလာဘူး ငါတို့လည်းလစ်ရအောင်"
"oki သွားကျမယ် ငါလည်းလစ်ချင်နေတာ ဟဟ"
ကျွန်တော်တို့က Yangon University မှာတက်နေတဲ့ဒုတိယနှစ်မြန်မာစာကျောင်းသားတွေပါ သံစဉ်ဆိုတာ ကျွန်တော်တို့ရဲ့ ပြာကလက်စိန် ငယ်သူငယ်ချင်းမလေး ယွန်းသံစဉ်
ကျွန်တော်ကသံစဉ်လို့ခေါ်ပြီး ကျွန်တော့်ရဲ့ ဖန်ဆင်းရှင်ကတော့ယွန်းလို့ဘဲခေါ်တယ် သံစဉ်ကခေါ်ရတာရှည်လို့တဲ့ ကျွန်တော့်ကိုတောင် တန့်လို့ဘဲခေါ်တယ် စိတ်လိုမှသာ သက်တန့်လို့ခေါ်တာဗျာ