Zawgyi>>>
Chanyeol ထွက်ပြေးလာတာ တောအုပ်နဲ့အတော်ပင်ဝေးနေပြီမို့ ပင်ပန်းလွန်းတာကြောင့် သစ်ပင်တစ်ခုတွင်မှီကာ မျက်လုံးမှိတ်ရင်းအနားယူမိသည်
သူအခု တကယ်ပဲ Arjushi ဆီကလွတ်မြောက်ခဲ့ပြီလား?? မဟုတ်ဘူး..Baekhyun လို လူမဟုတ်တဲ့အကောင်ကြီးဆီက လွတ်မြောက်ဖို့ဆိုတာကဖြစ်နိုင်ပါ့မလား??
ဒါပေမဲ့...သူအခုထွက်ပြေးခဲ့လာပြီပဲ သူလွတ်မြောက်လာပြီလေ...ဟုတ်တယ်...သူလွတ်အောင်ပြေးနိုင်ပါတယ်...
ဒါပေမဲ့...Arjushi ကရော???
Chanyeol စိတ်ထဲ Baekhyun အကြောင်းရောက်လာတာကြောင့် ရင်ပူသလိုလိုခံစားလိုက်ရသည်...Arjushi ရော? သူပြန်လာလို့ Yeol မရှိတာသိသွားရင်ဘယ်လိုလုပ်မလဲ?
သူဘာမှတော့ဖြစ်မနေဘူးမလား?"မင်းမရှိရင်ကိုယ်သေမှာ"
ဆိုတဲ့ Baekhyun ရဲ့စကားကိုပြန်ကြားယောင်မိတာကြောင့် Chanyeol ရင်ထဲအမည်မသိသောခံစားချက်တို့က ဗလောင်ဆူလာခဲ့တယ်...
ဘာလဲ!အခုသူ Arjushi ကိုစိတ်ပူနေတာလား?
မဟုတ်ဘူး...Arjushi ကိုစိတ်မပူဘူးကြောက်မိရုံပါ...ဟုတ်တယ်မလားဟင်??
အတွေးများနဲ့ပြည့်နှက်ပြီးနောက် Chanyeol စိတ်ထဲတွင်စိတ်က နှစ်ခွဖြစ်လာရသည်
*Shit!Park Chanyeol မင်းရူးနေတာလား?သူ...သူကမင်းကို နာကျင်အောင်လုပ်တယ်လေ
*ဒါပေမဲ့...အဲ့တာငါ့ကိုချစ်လွန်းလို့ ဆိုတာပြောဖူးတယ်မလား?
*ပြီးတော့ သူကကြောက်စရာကောင်းတဲ့သတ္တဝါကြီးလေ
*ငါမှ...သူ့ကိုမကြောက်မိတာ...
*သူဒေါသထွက်ပြီး မင်းရဲ့သွေးတွေကိုစုပ်ရင်ဘယ်လိုလုပ်မလဲ??
*ဟင့်အင်း သူအဲ့လိုလုပ်ဘူးလို့ငါယုံတယ်
စိတ်နှစ်ခုကြား Chanyeol မှာပျာယာခတ်နေပြီး နောက်ဆုံးမှာတော့ Baekhyun ကိုစိတ်ပူတဲ့အတွေးကရာခိုင်နှုန်းပိုများသွားကာ စံအိမ်ကြီးရှိရာတောအုပ်ဘက်ကို ငေးကြည့်နေမိတယ်...
"Yeol?Chanyeol!"
သူ့နာမည်ကိုခေါ်လိုက်သံကြောင့် Yeol ကြည့်မိတော့ DoKyungSoo...တစ်နည်းအားဖြင့် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း...
YOU ARE READING
ညှို့
Vampire(warning:Chanyeol uke only!!) Rated M Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee