Ch.61 : Curses and Harsh Words

13.7K 1.3K 37
                                    

" ကဲ ဘယ်လိုလည်း ပရိသတ်ကြီးရဲ့ အဖြေက ။ ဟုတ်လား မဟုတ်လား ပြော...? "

ရုပ်ရည်ချောမောပြီး အတန်ငယ်မျှ နှစ်လိုဖွယ်ရာ အဆင်းရှိတဲ့ လူငယ်လေးဟာ လက်ထဲကိုင်ထားတဲ့ မိုက်ကရိုဖုန်းကို ပရိသတ်တွေဘက် ထိုးပေးလိုက်တယ် ။ သူ့ရဲ့ အပြုံးတွေဟာ ငယ်ရွယ်ပြီး အပြစ်ကင်းစင် ရိုးသားတဲ့ ပုံရိပ်ဟန်တွေကို လွှင့်ထုတ်ပေးနေတဲ့ သဏ္ဍန် ရှိနေလေတယ် ။

T.S note..... ရေးနေတဲ့ အချိန် တိုက်တိုက်ဆိုင်ဆိုင် ကွီးကောင်းထက်ဇော်ရဲ့ အသံက တီဗီကနေ ထွက်လာလို့ credit မယူပဲ ခိုးကူးလိုက်တယ် ။ XD

ဘယ်သူပဲ ကြည့်ကြည့် အဲ့ဒီရုပ်သံတင်ဆက်သူ လူငယ်လေးဟာ နှစ်လိုဖွယ်ရာကောင်းတဲ့ လူငယ်လေးတစ်ယောက်ဆိုတာ မငြင်းဆိုနိုင်ကြပေဘူး ။ သူ့ရဲ့ ဖျက်လတ်တက်ကြွမူဟာ ပရိသတ်ကြီးကို စိတ်လူပ်ရှားမူ အထူးဖြစ်ပွားစေပြီး လူကြီးလူငယ် ၊ အမျိုးသား ၊ အမျိုးသမီး အားလုံးရဲ့ ချစ်ခင်မြတ်နိုးမူကို အများအပြား ရရှိပိုင်ဆိုင်ထားလေတယ် ။

" ဟုတ်ကဲ့..!!! "

ပရိသတ်ကြီးဆီက တညီတညွတ်တည်း ပြန်လည်တုံ့ပြန်လိုက်တဲ့ အဖြေသံဟာ စတူဒီယို ခန်းမကြီးထဲမှာ ပဲ့တင်ထပ် လွှင့်ပျံသွားလေတယ် ။ ရုပ်သံတင်ဆက်သူ အပေါ် ပရိသတ်ကြီးရဲ့ ချစ်ခင်မြတ်နိုးမူဟာ ဘယ်လောက်တောင် ကြီးမားနေတယ်ဆိုတာ စင်ပေါ်မှာရှိနေတဲ့ လူအားလုံး ခံစားကြည့်မိလို့ရလေတယ် ။

အဆိုတော်တစ်ယောက်လည်း ဖြစ်လေတဲ့ ရုပ်သံတင်ဆက်သူ Chen Ming Xu ဟာ ယနေ့ခေတ်မှာ ထင်ရှားကျော်ကြားတဲ့ idols တွေထဲမှ တစ်ဦးအပါဝင် ဖြစ်လေတယ် ။

" ဟုတ်ပါပြီဗျာ ။ နောက်အပတ် အစီအစဉ်မှာ တိုက်ရိုက်ဖုန်းခေါ်ဆိုမယ့် အစီအစဉ် ကဏ္ဍတစ်ခု ပါဝင်ထည့်သွင်းထားပါတယ် ။ ကျွန်တော်တို့ရဲ့ ဧည့်သည် guests တွေဟာ ဘယ်နာမည်ကြီး အနုပညာရှင်တွေကို ဖုန်းခေါ်ဆိုကြည့်ကြမလဲဆိုတာ ပရိသတ်ကြီးနဲ့အတူ ရင်ခုန်စွာ စောင့်စားကြည့်ရူဖို့ တီဗီဖန်သားပြင်မှာ ကြည့်ရူနေတဲ့ မိဘပြည်သူအပေါင်းကိုလည်း ဖိတ်ခေါ်ပါတယ် ။ "

Chen Ming Xu ဟာ ပရိသတ်တွေကို ဆွဲဆောင်မူရှိတဲ့ အပြုံးနဲ့ ပြုံးပြလိုက်တယ် ။ အဲ့ဒီနောက် စင်မြင့်ထက်မှာ ထိုင်နေကြတဲ့ guests တွေအထဲကမှ သိပ်ပြီး သိသိသာသာ ပေါ်လွင်ထင်ရှားခြင်းမရှိတဲ့ အမျိုးသားတစ်ယောက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး အခုလို ဖြည့်စွက်ပြောဆိုတယ် ။

True Star (Myanmar Translation )Tempat cerita menjadi hidup. Temukan sekarang