က

324 40 2
                                    

ဆန့်ဒိုင်(Sendai)၊ဂျပန်။

"မကြာမှီအချိန်အတွင်း Sendai မြို့မှရထားထွက်ခွာတော့မည်ဖြစ်သဖြင့် သက်ဆိုင်ရာထိုင်ခုံများတွင်နေရာယူပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါတယ်ရှင်။"

ကျောင်းသူ၊ကျောင်းသား၊ခရီးသည်၊အလုပ်သမား၊ရုံးဝန်ထမ်း၊လည်ပတ်သူ စသည်ဖြင့်အုန်းအုန်းထဆူညံကာ လူစည်ကားနေသော Sendai ဘူတာရုံမှာသာမန်နေ့လေးကဲ့သို့ မရိုးမရှင်းတည်ရှိနေသည်။

"Jiminစံ မြန်မြန်လာလေ၊နောက်ကျမှထိုင်ခုံမရပဲနေမယ်။"

ရထားရပ်ရာနေရာတွင် မမှီမကမ်း လိုက်နေသော ကောင်လေးနှစ်ယောက်။

တစ်ဦးကဖြင့်ရထားပေါက်ဝပေါ်ရောက်နှင့်နေပြီ။ထို့နောက် ကျန်နေခဲ့သော သေးသေးကွေးကွေးကောင်လေးမှာ သူငယ်ချင်းကောင်လေး သတိပေးမှုကို မျက်ခမ်းလေးများကွေးသွားသည်အထိရယ်ပြရင်း

"လာပြီ တာဆုမိ ရဲ့၊လက်ကမ်းပေးပါဦး။"

ထိုအခါတာဆုမိက လက်ကမ်းပေးလေသည်။

တကယ့်ကို သာမန်နေ့လေးပါပဲ။
အပူချိန်၊ ရာသီဥတု ၊ မြို့တည်ပုံ ၊ လမ်းပန်းဆက်သွယ်ရေး အစစ အရာရာ ခေတ်မှီသော်လည်း ၂၀ ရာစု ခေတ် အဆောင်အဦးများက အများအပြားရှိနေသေးသည်။

"လာ"

မိသားစုအရေးအဆင်ပြေရန် ဘူဆန် မှ ဆိုလ်းတက်လာသောကောင်လေးတစ်ယောက်။
အမေက ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတက်လိုက်။ သက်သာလိုက်နှင့်။ ကြည့်ရှုစရာ အငယ် မောင်လေးနှင့် ညီမလေး ၂ ယောက်ရှိသည်။ ဖခင် ဆုံးသွားတော့ မိသားစု တာဝန် ကို ဂျီမင်းက ပင်ထမ်းဆောင်ရသည်။

ဆိုလ်းရောက်သောအခါ စက်ရုံတွင်အလုပ်ဝင်သည်။
ထို့နောက် အလုပ်သမားသက်တမ်း ၁ နှစ်ကြာသော် ဂျပန်နိုင်ငံမှ စက်ရုံခွဲသို့ အလုပ်သမား ဗီဇာ ဖြင့်ပြောင်းရွှေ့ရသည်။
ဆန့်ဒိုင်ရောက်တော့ တဆုမိ နှင့် တွေ့လေသည်။
ဖော်ဖော် ရွေရွေမရှိ၍ လူတကာကို ကြောက်ရွံ့ ရိုသေတတ်သော ဂျီမင်း ၏ တစ်ဦးတည်းသော သူငယ်ချင်း။

ဆန့်ဒိုင်မြို့ပြင် ၇မိုင်အကွာတွင်ရှိသော အလုပ်ခွင်ရှိရာသို့ တစ်နေ့တစ်နေ့သွားရသည်နှင့်ပင် ခြေကုန်လက်ပန်းကျလျက်။

You've reached the end of published parts.

⏰ Last updated: Mar 06, 2018 ⏰

Add this story to your Library to get notified about new parts!

ချစ်ရသော ဂျွန်း (Sinful Flower)Where stories live. Discover now