" ဟို.....ဟို....ဘယ်လိုခော်ရမလဲ? "
Kook တစ်ယောက် စားသောက်ပြီးလို့ သူ့ကားနဲ့အိမ်ပြန်လိုက်ပို့ပေးတာဖြစ်သည်။ ခုဘေးမှာတစောင်းလေးနဲ့အိပ်ပျော်နေတဲ့ Tae ကိုနာမည်မသိလို့ဘယ်လိုခော်ရမှန်းမသိဖြစ်နေသည်။
" ချာတိတ်....... "
နောက်ဆုံး Kook Tae ကိုချာတိတ်လို့ခော်မည်ဟုစဉ်းစားကာခော်ပြီးပခုံးလေးကိုအနည်းငယ်လှုပ်ကာမေးလိုက်သည်။ အအိပ်မက်တဲ့ Tae ကတော့တုပ်တုပ်မျှမလှုပ်။
Kook Tae ကိုကြည့်ပြီးတစ်ချက်ပြုံးမိသည်။ သူရဲ့အတွေးကလွန်ခဲ့သော 2 ရက်ခန့်ဆီသို့။
Kook Tae အိမ်ရှေ့မှာတွေ့ပြီးအိမ်ထဲကိုခော်လာသည်။ အိမ်ထဲရောက်တော့သူ့ညီမအရုပ်အတင်းလိုက်တောင်းနေတဲ့ Tae ရဲ့ကတ်ကတ်လန်အောင်ပြန်ပြောတတ်တဲ့ပုံလေးကိုသူရယ်ချင်ပေမယ့်သူတည်နေရသည်။ ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့်လည်းပြုံးချင်ပေမယ့်တည်နေရသည်။
Tae ပြန်သွားပြီးနောက်ပိုင်း သူလည်း အိပ်လို့မရ။ Tae ရဲ့ချစ်စရာကောင်းတဲ့ပုံလေးရယ် ၊ ညဘက်လရောင်အောက်မှာဖြူဖွေးပြီးလှနိုင်လွန်းတဲ့မျက်နှာရယ် ၊ စကားပြောရင်စွာပေမယ့် Kook ကိုရယ်စေ ပြုံးစေနိုင်တဲ့ Tae အကြောင်းကိုတွေးနေမိသည်။
Kook သူ့ရင်ဘတ်လေးကိုဖိပြီးနှလုံးခုန်မြန်နေတဲ့နှလုံးသားကိုငြိမ်စေသည်။ သူ့ကိုတစ်ရက်လေးပဲရှိသေးဘာလို့သူအဲ့လောက်ဖြစ်နေရတာလဲ???
ထိုညသည် kook ရဲ့အတွေးထဲ၌ Tae သာတွေးနေပြီးအိပ်မပျော်တဲ့ညပင်ဖြစ်သည်။
နောက်နေ့ကျတော့လည်း ဆေးရုံ၌အလုပ်များသော်လည်း သူအလုပ်ထဲ၌အာရုံမရှိ။ သူ့ဘယ်ဘက်ရင်ဘတ်ကတစ်ခုခုလိုနေသလိုလို ၊ ဟာတာတာကြီးဖြစ်နေသည်။ ကံကောင်းစွာဖြင့်အဲ့နေ့က ခွဲစိတ်ဖို့လူနာမရှိခဲ့။ ရှိခဲ့လျှင်အကုန်လွှဲမှားပြီး သူ go to jail ဖြစ်နိုင်သည်။
သူ Tae ကိုတွေ့ပြီး 2 ရက်အတွင်း သူဘာဆိုဘာမှလုပ်လို့မရ။ နောက်ဆုံးသူ Tae ကိုတွေ့ချင်နေမှန်းသူသိခဲ့သည်။ ဒာပေမဲ့သူ tae ရဲ့နာမည်ကိုတစ်ချက်ကလေးမှမသိ။ Tae နဲ့ပက်သက်တာဘာမှမသိ။ ထို2 ရက်အတွင်းတွင် သူတော်တော်ပင်ပန်းခဲ့သည်။