ယုယန် မျက်မှောင်ကြီးကြုတ်သွားတယ်
တစ်ညပဲ ရှိသေးတယ် သူတပည့်က
ဘာလို့ ဒီလောက်တောင် မောပန်းနေရတာလဲ။ချက်ချင်းပဲ လက်သင်္ကေတတချို့နဲ့ ဂါထာမန်းလိုက်တယ်။ကျူ းယောင်တစ်ယောက် သူမကိုယ်ထဲ အရမ်းနွေးတဲ့ အားအင်တစ်ခုစီးဆင်းလာသလို ခံစားလိုက်ရတယ်။သူမရဲ့ ပင်ပန်းမှုအကုန်ပျောက်သွားပြီး အသက်ရှုလည်းတည်ငြိမ်လာတယ်။ဒါ စိတ်တန်ခိုးပညာရပ်ပေါ့!!ဘယ်လောက်တောင် မိုက်လိုက်သလဲ!!
မတ်တပ်ထရပ်လိုက်တဲ့ တပည့်ကို ကြည့်ရင်း ယုယန်တစ်ယောက် စိတ်သက်သာရာရသွားတယ်။သူမကို ခေါင်းဆုံးခြေဆုံးကို ကြည့်ရင်း
သူတစ်ခုခုတွေးမိလိုက်တယ်''မင်း တောင် ပေါ်ကို ခြေလျင် တက်လာတာလား´´
ကျူ းယောင် ချက်ချင်းပဲ နှုတ်ခမ်းကစူပုတ်လာတယ်။
''တစ်ခြား ဘယ်လိုလာလို့ရလို့လဲ´´
အေးလေ သူမက သူ့လို ပျံမှမပျံတတ်တာ။ခြေလျင်ပဲ လာရတာပေါ့။
''ဘာလို့ တောင်ခြေက ခရီးသွား မှော်စ္စည်းကို မသုံးတာလဲ´´
ကြည့်ရတာ သူမကိုယ်ကို လေ့ကျင့်ခန်းလုပ်ချငိလို့ ထင်တယ်။ပြီးတော့ သူမရဲ့ စိတ်အားထက်သန်မှုကို ပြချင်လို့ေ တာင်ပေါ်ခြေလျင် တက်လာရတာဖြစ်မယ်လို့ တွေးမိလိုက်တော့
ယုယန် သူ့ရဲ့ ပေါက်ကရလေးဆယ် တပည့်ကို တစ်ကယ်ပဲ ကျေနပ်သွားတယ်။ကြည့်ရတာ သူမက ဉာဏ်မကောင်းပေမဲ့လို့ ကြိုးစားချင်စိတ်ရှိပုံပဲ။ထိုအချိန်မှာတော့ ကြိုးစားတတ်သူတပည့်လေးရဲ့ စိတ်ထဲမှာ စားပွဲအလုံးတစ်ရာလောက် မှောက်ပြီးနေပြီ။သေစမ်း တောင်ခြေမှာ ခရီးသွား မှော်ပစ္စည်းရှိတာ စောစော ကပြောပါလား!!!
(TN: စားပွဲမှောက်တာ အားလုံးလည်း memeတွေထဲ တွေ့မှာပါ..😁 )

နောက်ဆုံးတော့ ကျွဲမြီးတိုသွားတဲ့ သူ့စိတ်ကို အတော်လေးထိန်းချုပ်လိုက်တယ်။ရေခဲရုပ်ရဲ့ မျက်နှာကို ဆွဲကုပ်ပစ်ချင်နေတာ။ဘာပဲဖြစ်ဖြစ်
ဆရာဆိုတဲ့ မျက်နှာက ရှိသေးတယ် ပြီးတော့ သူမရဲ့ အနာဂတ် အထောက်အပံ့ကြီးလေ ကယ်တင်ရှင်ကြီးလေ။သူမ နောက်ကို
တစ်လှမ်းဆုတ်ပြီး
ESTÁS LEYENDO
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Humorကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...