12

17.7K 793 109
                                    

Zawgyi>>>

Yeol နိုးလာချိန်တွင် ဘေးမှာ Arjushi မရှိတာကြောင့် အင်္ကျီရှည်တစ်ထည်နဲ့ boxer ကိုသာကောက်စွတ်ပြီး ရှာပုံတော်ဖွင့်ရလေပြီ...

သိပ်ပင်မရှာလိုက်ရ...အောက်ထပ်က မီးဖိုထဲကိုထင်းတွေထိုးနေတဲ့ Arjushi ကိုတွေ့လိုက်ရသည်...

Yeol လဲ Arjushi ကိုအနောက်ကနေဖက်လိုက်ကာ ကျောပြင်ကိုမှီထားတော့ သူ့လက်လေးကိုပြန်လည်ဆုပ်ကိုင်၍ လှည့်လာသော Baekhyun...

"ကလေးနိုးပြီလား?

"ဟုတ်...Yeol နားမှာမနေပဲဘယ်တွေသွားနေတာလဲဗျာ"

"အာ...ဆောင်းရောက်လာပြီဆိုတော့ နွေးအောင်လို့မီးဖိုလုပ်ပေးနေတာ"

"အွန်...Vampire တွေကချမ်းတတ်လို့လား?"

"ကိုယ်မဟုတ်ဘူး...မင်းလေးချမ်းမှာစိုးလို့ကလေးရဲ့"

"ခ်ခ် Arjushi ကချစ်စရာကြီးဗျာ"

သူ့ကိုဖက်ထားတဲ့ကောင်လေးကို တင်းနေအောင်ပြန်ဖက်လိုက်ပြီး Baekhyun ကောင်လေးရဲ့ ကိုယ်သင်းနံ့လေးကိုရှုရှိုက်နေမိသည်...

"မွှေးနေတာပဲ...ကိုယ့်ရဲ့ကလေးလေးက"

"ဟုတ်လို့လား?"

"အင်း...ကိုယ်ကမင်းရဲ့ကိုယ်သင်းနံ့လေးကိုအရမ်းကြိုက်တာ"

Yeol လည်ပင်းသားနုနုလေးအား တစ်ချက်စုပ်နမ်းကာပြောတဲ့ Arjushi ကြောင့် Yeol ပြုံးမိသည်...

"ကိုယ့်ရဲ့အသစ်စက်စက်ချစ်သူလေး... ဘာစားမလဲဗျ"

"အွန်း~~ ပေါင်မုန့်နဲ့ကော်ဖီ"

"ကလေးသဘော"

ထို့နောက် မျက်နှာချင်းဆိုင်ဖြစ်နေသည်မို့ အနမ်းတို့လဲအဆက်မပြတ်ပေးရင်း Yeol ကိုယ်လေးကိုခါးမှတင်းတင်းဆွဲဖက်ကာ ထမင်းစားပွဲရှေ့ခေါ်လာခဲ့သည်...

Ying ရောက်လာပြီး စားစရာတွေပြင်ပေးထားလောက်ပြီအထင်နဲ့ပေါ့...နှစ်ယောက်သားမိုးမမြင်လေမမြင် နမ်းရှိုက်နေရင်း စားပွဲရှေ့ရောက်လာချိန်တွင်...

"ကျွတ်စ်~"

အသံလာရာကိုနှစ်ယောက်သားကြည့်မိတော့ မိန်းကလေးတစ်ဦးက စိတ်ပျက်သောအကြည့်ဖြင့်ကြည့်ကာ ရပ်နေလေသည်...

ညှို့Where stories live. Discover now