*** THE LETTER ***
#DIKA ( one shot )
ချမ်းအေးတဲ့ ဖေဖော်ဝါရီဆောင်းညက အရိုးထဲထိအေးစိမ့်စေသလို ချစ်သူတွေရဲ့ရင်ကို နွေးထွေးစေတဲ့ညလည်း ဖြစ်တယ်
လမ်းပေါ်မှာ သွားလာနေကြတဲ့လူတွေက ဆွယ်တာအကျီင်္ထူထူတွေနဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခံအန်တုနေကြတယ်အအေးဒဏ်ကြောင့် ကိုယ်ကိုကျုံ့ပြီး လှုပ်ရှားသွားလာနေကြတဲ့ လူတွေကို ပြတင်းပေါက်မှန်မှတစ်ဆင့် ကျနော်ငေးကြည့်နေမိတယ်
ဒီညကျမှ အေးဒဏ်က ပိုကဲနေသလို
ဒါတောင် ခုထိ အိမ်မပြန်ကြသေးဘဲ ဒီလူတွေဘယ်သွားနေကြတာပါလိမ့်" ကဲ ငါတော့ဂျူတီ ပြီးပြီဟေ့ သူကတော့ငါ့ကိုမျှော်နေတော့မှာပဲ "
ကျနော့်နားနေခန်းကနေ အခန်းဘေးနားက နေဆောင်မှ nurse မလေးတစ်ယောက်ရဲ့ ဝမ်းသာပျော်ရွှင်နေတဲ့အသံကို ကြားလိုက်ရတယ်
" valentine day မှာမှ ဂျူတီကျတာ တကယ်ကိုကံမကောင်းပါဘူးကွာ "
ပါးစပ်ကတတွတ်တွတ်ရွတ်ရင်း nurse မလေးကပစ္စည်းတွေကို ကောက်သိမ်းနေတာထင်ပါရဲ့
ကျနော်လည်း ပြတင်းပေါက်မှန်ဘောင်ကိုမှီရပ်ရင်း အပြင်ဘက်ကိုငေးနေမိတယ်
ပြီး ဘာရယ်မဟုတ် သူပြောတာကို နားစွင့်နေမိတယ်" နင်ကမှတော်သေးတယ် အလုပ်ဆင်းတဲ့အချိန်မှာမျှော်နေမယ့်လူရှိသေးလို့ "
သူ့ဘေးနားက အဖော် nurse မလေးတစ်ယောက်ကဝင်ထောက်ပြီး
" တချို့လူက ရုံးဆင်းရင်တောင်မျှော်မယ့်လူမရှိဘူး "
" ဒေါက်တာ kyungsoo ကိုပြောတာလား "သူတို့စကားတွေမှာ ကျနော့်နာမည်ပါလာတော့ ဘာများဆက်ပြောမလဲ စိတ်ဝင်စားတာနဲ့ သေချာနားစွင့်ပြီးနားထောင်လိုက်မိတယ်
" အင်းပေါ့ မနှစ်က ဒီလိုအချိန်ကိုမှတ်မိသေးလား "
" သိပ်မှတ်မိတာပေါ့ "သူတို့နှစ်ယောက်ရှိနေတဲ့အခန်းနဲ့ခြားထားတဲ့ နံရံလေးဆီ ကျနော်ပိုတိုးကပ်သွားမိတယ်
" အဲ့ဒီတုန်းက ငိုလိုက် ရီလိုက်နဲ့ ဒေါက်တာအဲ့လိုအပြင်းအထန် ခံစားရတာ တစ်ခါမှမမြင်ဖူးဘူး "
YOU ARE READING
<< THE LETTER >> ONE SHOT
De TodoဒီFicလေးက အာပေါက်မတတ် ပူဆာမှ ရေးပေးတဲ့ @Hojai_12ဆိုသော arjimarတစ်ယောက် ficလေးပါ သူက FBမှာ ပြန်ဖျက်တော့မယ်ဆိုတော့ အနော်က WPမှာ ယူတင်ထားတာပါ [ PS. ဒီone shotလေးက ဝတ္ထုတစ်ခုကို မှီငြမ်းပြီး Kaisoo ver ပြန်ရေးထားတာပါ ]