.
.
.
ချစ်ရသော....
ကိုကိုသာ...
အနားမှာရှိခဲ့လျှင်....
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
.
.
.
ကိုကို...ကျမမေးမယ်...
ချစ်တာနဲ့ မြတ်နိုးတာ...
ဘယ်ဟာပိုပြီး....
ကိုကို့အတွက်....
အရေးပါသလဲ....?ကျအတွက်တော့....
အချစ်ဆိုတာ...
ပူလောင်ပြီး...
မြတ်နိုးရာ...ကိုကိုကသာ...
ပိုအရေးပါပါတယ်...ပြုံးလိုက်ရင်...သိပ်ချောတဲ့...ကိုကို
ရယ်လိုက်ရင်...ပါးခွက်လေးနှစ်ခု...ထင်းလာတဲ့...ကိုကို
ဘယ်လိုနေနေ....ခန့်လွန်းတဲ့...ကျမရဲ့ကိုကို...
ကိုကိုမှတ်မိသေးလား....?
ကျမတို့...
အတူတူ...
ပျော်ရွှင်ခဲ့ကြတဲ့...အချိန်တွေ...တစ်ယောက်ရဲ့လက်ကို....တစ်ယောက်တွဲရင်း....မြို့အနှံ့ပတ်ခဲ့ကြတာတွေ...
အခု...ကျမရဲ့လက်တစ်စုံကို...ဆုပ်ကိုင်ဖို့လူမရှိဘူး...ကိုကို...
ရှပ်ပြာရှပ်ပြာ...လုပ်တတ်တဲ့...ကျမကို...
အကိုကြီးတစ်ယောက်လို....ကိုကို...သင်ပြပေးခဲ့တာလေးတွေ....မရင့်ကျက်သေးဘဲကလေးဆန်တဲ့....ကျမကို...ကိုကို....အလိုလိုက်ခဲ့တာ...
ကိုကို...မငြိုငြင်ရက်ခဲ့ဘူးလို့...ကျမထင်ပါတယ်..
ဈေးဝယ်စင်တာထဲမှာ....ကိုကို့ရဲ့လက်ကိုဆွဲပြီး....လျှောက်ပတ်ခဲ့တာကို....
စိတ်ရှည်စွာနဲ့...စောင့်ပေးတဲ့...ကိုကို...ကိုကို...ကျမကိုစိတ်မကုန်ခဲ့ဘူးမလား...
နှင်းဆီပန်းရဲရဲလေးတွေ....သိပ်ကြိုက်တတ်တဲ့....ကျမအတွက်...ကိုကို....အိမ်နောက်ဖေးမှာ....နှင်းဆီပန်းလေးတွေပျိုးပေးခဲ့သလို....
ခုတော့...ကိုကိုပျိုးပေးခဲ့တဲ့...ကိုကို့ပန်းခင်းလေးတောင်....ပိုင်ရှင်မဲ့နေပြီပေါ့နော်...
ကိုကိုခေါက်ပေးထားတဲ့...စက္ကူ ကြယ်...လှလှလေးတွေ...ဖန်ပုလင်းလေးထဲမှာ...ခုထိရှိနေဆဲပါ...ကိုကို