17

16.3K 814 248
                                    

Zawgyi>>>

"Baekhyun!Baekhyun ah..."

အိမ်ထဲမရောက်သေးခင်ပင် နာမည်ကိုတကြော်ကြော်အော်ခေါ်ကာ မဲ့ပြုံးတစ်ပွင့်ဖြင့်ဝင်လာသော Yumi...
သူမကို Baekhyun တွေ့ချင်တယ်လို့ Ying လာပြောကတည်းက ဘဝင်တွေမြင့်ကာပါးစပ်နားရွက်တက်ချိတ်တော့မည့်အလား...

Yeol Baekhyun ပေါင်ပေါ် ထိုင်နေရင်း တစ်ချက်ပြုံးလိုက်မိတယ်...
ထောက်ချောက်ထဲ သားကောင်ဝင်လာပြီလေ...

Yeol ထင်တဲ့အတိုင်း Yumi က အနားရောက်လာသည်...

"Baekhyun... အော်...ကျွန်ကောင်လဲရှိနေတာကိုး"

Baekhyun ပေါင်ပေါ်ကသူ့ကိုမြင်တော့ Yumi မဲ့ရွဲ့ကာပြောသည်...
Yeol ဘာမှမပြောပဲ Baekhyun နှုတ်ခမ်းကိုတစ်ချက်စုပ်နမ်းကာ ပေါင်ပေါ်မှဆင်းလိုက်တယ်...

"ဧည့်သည်ရောက်နေတာဆိုတော့ Yeol အပေါ်ထပ်မှာပဲစောင့်မယ်နော် Arjushi"

Baekhyun တစ်ချက်သာခေါင်းငြိမ့်ပြကာ Yumi ကတော့ Baekhyun နားလျှောက်လာပြီဖြစ်သည်...

"ကိုယ့်နေရာကိုယ်သိသားပဲ...အဲ့ကျွန်ကောင်က...ဟက်!ဒါနဲ့နင်ငါ့ကိုဘာလို့ခေါ်တာလဲ?"

Baekhyun ဘေးတွင်ဝင်ထိုင်ကာ စကပ်တိုဝတ်ထားသော ပေါင်တံကိုပွတ်သပ်ပြနေတာကြောင့် အတော်ပင်မျက်စိနောက်စရာမြင်ကွင်း...

"အင်း...ငါခေါ်တာ"

Baekhyun မိမိ၏ရှည်ထွက်လာသော လက်သည်းများနှင့် Yumi ကိုထိုးသတ်ဖို့ပြင်လိုက်စဉ်မှာပဲ ရုတ်တရပ်မျက်လုံးကြီးပြူးကာ ပါးစပ်မှသွေးတွေအန်ထွက်လာတဲ့ Yumi...

မထင်မှတ်ထားတဲ့အခြေအနေကြောင့် Baekhyun အံ့သြသွားကာကြည့်မိတော့ Yumi အနောက်တွင် သစ်သားနဲ့လုပ်ထား၍ ချွန်ထက်နေသော အရာတစ်ခုကိုကိုင်တားတဲ့ Yeol...

ထိုအချွန်နဲ့ Yumi ရဲ့နှလုံးသားကိုရိုက်သွင်းလိုက်ခြင်း ဖြစ်သည်...

"Hak!ကိုယ့်နေရာကိုယ်သိတာလေ"

"နင်..ကျွန်...."

Yumi မျက်လုံးစိမ်းကြီးများဖြင့် Yeol ကိုစိုက်ကြည့်ကာ သွေးတွေပွက်ပွက်အန်၍ငြိမ်ကျသွားတော့သည်...

"ကိုယ်သတ်မှာပေါ့ Yeol ah... ကလေးလက်တွေသွေးစွန်းကုန်ပြီ"

"Arjushi Yeol ကြောင့်လူသတ်တာမကြိုက်ဘူးလေ"

ညှို့Where stories live. Discover now