ကျွီ.....အခန်းတံခါးဖွင့်သံတိုးတိုးလေးကိုသူ ကြားလိုက်ရသည်။ ဒါပေမယ့်သူမျက်လုံးကိုဖွင့်မကြည့်ဘဲနှင့် အခန်းထဲကိုဝင်လာသူဘယ်သူလဲဆိုတာ သိလိုက်သည်
"ဦးလေးကြီးမထသေးဘူးလား" ဆိုတဲ့အသံနှင့်အတူ
သူ့ အိပ်ရာနံဘေးကိုကောင်လေးတစ်ယောက် ရောက်လာသည်။"ဘာဦးလေးကြီးလည်းဒီကအသက်ငယ်ငယ် လေးဘဲရှိသေးတာကို" သူအပျင်းကြောတစ်ချက်ဆန့်  ရင်းပြောလိုက်သည်
မိုးကောင်းကင်ဆိုသည့်သူ့ ကို မနက်ခင်းတိုင်းမပျက်မကွက်အိပ်ရာလာနှိုးတတ်သူဆို၍ မိုးတိမ်ပြာဆိုသည့် ဒီကောင်လေးသာရှိသည် သူနှင့်အသက် ၃နှစ်လောက်သာကွာသော်လည်း
တစ်ခါတစ်လေ
သူ့ ကိုချစ်စနိုးနှင့်ဦးလေးကြီးဟုခေါ်တတ်သည်။ သူတို့ မိသားစုနှစ်စုက ခြံချင်းကပ်ရပ်နေလာသည်မှာ
သူတို့ နှစ်ယောက်မမွေးခင်
တည်းကပင်ဖြစ်သည်။နှစ်ယောက်လုံးရဲ့ နာမည်တွေကိုဘဲကြည့်လေ မိုးကောင်းကင် နှင့် မိုးတိမ်ပြာတဲ့ အဲဒီလိုပင်ခပ်ဆင် ဆင်ဖြစ်အောင်နာမည်ပေးခဲ့သည်။
ဒါတောင်အရင်တုန်းက မိဘတွေကသားနှင့်သမီးမွေးရင် ပေးစားဖို့  တောင်နှုတ်ကတိတွေထားခဲ့ကြတာ ဒါပေမယ့် နှစ်ဖက်စလုံးမှာသားတွေဘဲမွေးကြတော့ မပေးစားဖြစ် ခဲ့ဘူးပေါ့။
ဒီလိုနဲ့ မိုးကောင်းကင်ဆိုတဲ့သူတောင် ၂၆ နှစ်ပြည့်တော့မည် သြော် ဘာလိုလိုနဲ့ မေမေဆုံးတာ တောင် ငါးနှစ်ပြည့်တော့မှာပါလား။သူ့ အသက် ၂၁မှာ ဘဲနှလုံးရောဂါဖြင့်မေမေဆုံးသည်။မေမေဆုံးပီးကတည်းကသူ့ ကိုမေမေ့လိုမေတ္တာတွေပေး နွေးထွေးစေခဲ့ သူက မိုးတိမ်ပြာဆိုတဲ့သူကလေးရယ်ပါ။
သူစဉ်းစားရင်း တစ်ချက်ပြုံးလိုက်သည်။ဒါကိုမိုးတိမ်မြင်သွားကာ "ဘာတွေပြုံးနေတာလဲ"
"ဘာမှမဟုတ်ပါဘူးကွာ ကိုယ်တို့ကြောင်းစဉ်းစားမိလို့ ပါ"
"ဘယ်ကကိုတို့ အကြောင်းလဲ" မိုးတိမ်ကသံသယမျက်လုံးတစ်ချက်ဖြင့်ကြည့် ရင်းမေးလိုက်သည်။
"ဟ ဘယ်သူ့ အကြောင်းတွေးရမှာလဲ ဒီကမိုးတိမ်ပြာဆိုတဲ့ကောင်လေးနဲ့ မိုးကောင်းကင် ဆိုတဲ့ကျွန်တော့်ရဲ့ အကြောင်းပေါ့ဗျာ"
YOU ARE READING
မပြိုသော မိုးကောင်းကင်
Short Storyဟိုးးးအရင်တုန်းက ရေးခဲ့ဖူးတဲ့ storyလေးတစ်ပုဒ်ပါ storyအသစ်ကရေးလို့မပီးသေးလို့မတင်သေးတာပါ ဒါ့ကြောင့်လိုအပ်ချက်တွေရှိနေတဲ့ ဒီstoryလေးကို သည်းခံပီးဖတ်ပေးကြပါဦးဗျာ