Unicode
လူသူမရှိဘူးလို့ ထင်ရလောက်အောင် တိတ်ဆိတ်နေသော ကျွန်တော့်ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် လက်တင်ကာ အေးအေးဆေးဆေး ထိုင်နေသောသူ့ကို ကျွန်တော် စိတ်ရှုပ်စွာ ကြည့်လိုက်မိသည်။
ကားထဲမှာ အတင်းအဓ္ဓမနမ်းပြီးနောက်
" လာ လိုက်ခဲ့ " ဆိုပြီး ကျွန်တော့်ရုံးခန်းထဲမှာ သာသာယာယာထိုင်နေသော သူ့ကိုကြည့်ပြီး ကျွန်တော်စိတ်ရှုပ်မ်ိပါသည်
အခုထိသူ့ကို ကျွန်တော်နားမလည်နိုင်သေး။တကယ်တမ်းတော့ ကျွန်တော်ကိုယ်တိုင်လဲ ဘာလုပ်နေမိမှန်းမသိတာ...
သူ့အတွက် ကျွန်တော့်ရေခွက်နဲ့ ရေတောင်သွားခပ်လာမိပြီ။- ဟာ...ဘာလဲကွာ -
ကျွန်တော်စိတ်တိုတိုနှင့် ရေခွက်ကို ကျွန်တော့်စားပွဲပေါ် ဆောင့်ချလိုက်မိသည်။
မကွဲရုံတမယ်ဖန်ခွက်သံကြောင့် ထိုင်နေသော wu yifan က ကျွန်တော့်ကို မျက်လုံးလှန်ကြည့်သည်။
' မင်းလုပ်တာကြမ်းတယ် ' ဆိုတဲ့အကြည့့်မျိုး။
ပြီးတော့ သူ့သူဆက်ထိုင်နေရော...အလုပ်မရှိအကိုင်မရှိ ကျွန်တော့်ရုံးခန်းထဲမှာ ထိုင်နေသောသူ့ကို ကျွန်တော်ကန်ထုတ်ပစ်ချင်လာသည်။
သူ့မှာလုပ်စရာမရှိ့ဘူးလား။
သူဒီမှာအလုပ်လာဝင်တာ အခုလို ကျွန်တော့်ရုံးခန်းထ ဲအေးဆေးထိုင်နေဖ ို့မဟုတ်သလို ကျွန်တော့်ကို စိတ်ရှိတိုုင်းဖက်နမ်းဖို့မဟုတ်ဘူးလေ!
သူ့ကိုဒီမှာ အလုပ်ခန့်ထားတာ ခိုင်းဖို့ ခိုင်းဖို့!!" ဒီမှာ wu yifan " ဟု ခပ်ပြတ်ပြတ ်ခေါ်လိုက်တော့
" မကြားရဘူး ဒီနားလာပြော " ဟုဆိုကာ သူ့ဘေးက ဆိုဖာက ိုပုတ်ပြသည်။
" ဒီမှာ
ခင်ဗျားက နားလေးနေတာမဟုတ်သလို
ကျွန်တော် ခင်ဗျားသူငယ်ချင်းလည်း မဟုတ်ဘူး ။ ဒီလိုအပိုတွေ- ""အော် ဟုတ်သားပဲ။
မင်းက ငါ့ရဲ့သူငယ်ချင်း မဟုတ်ဘူး။
ဒါကြောင့် မငး်ဆိုလိုတာက ငါကမင်းကို ပွေ့ပြီးလာခေါ်သင့်တယ်ပေါ့။ဟုတ်တယ်မလား? "
YOU ARE READING
ပုံပြင်မဆန်သောပုံပြင်
Fanfiction- တကယ်တမ်းတော့ အချစ်သည် ရိုးရှင်းစွာ ချစ်နေရုံပင် ဖြစ်ပါသည်။ - တကယ်တမ်းတော့အချစ်သည်ရိုးရှင်းစွာချစ်နေရုံပင်ဖြစ်ပါသည်။ (Unicode+zawgyi) KY/BL/1st creation enjoy ~