Zion's POV
မသာယာတဲ့မနက်ခင်းတစ်ခုကို shoppingထွက်ခြင်းနဲ့သာစတင်လိုက်တယ်။
မနေ့ညကဂျွန်စိတ်ဆိုးပြီးထွက်သွားကတည်းကစိတ်နဲ့လူနဲ့မကပ်တော့လို့ shopping mall ထဲမှာမြင်သမျှအရာတွေအားလုံးကလည်းကျနော့်အတွက်
စိတ်ဝင်စားစရာမရှိတော့။ဘေးကကိုericကတော့သူလိုချင်တဲ့ပစ္စည်းကိုစိတ်ကြိုက်ရွေးချယ်နေလေရဲ့။
ကျနော်ကတော့မနေ့ညကအတိတ်ဆီသို့....။
*flashback starts*
"ဘာ? zion မင်းနောက်နေတာလား? အဲ့ဒီညကငါ့ကိုနမ်းတာမင်း? မဖြစ်နိုင်တာ ဘယ်လိုမှမဖြစ်နိုင်ဘူး ငါမယုံဘူး"
ဟုတ်ပါတယ်...ဂျွန်ဘယ်လိုမှမယုံနိင်တဲ့ဖြစ်ရပ်...သူအိပ်နေတဲ့ပုံလေးကိုကြည့်ပြီးစိတ်မထိန်းနိုင်ပဲအခွင့်ကောင်းယူခဲ့မိတာ....
"....."
အတင်းငြင်းကာမယုံနိုင်သေးတဲ့သူ့ကိုခါးကနေဆွဲပြီးမျက်နှာလေးကိုကိုင်ကာနှုတ်ခမ်းသားတွေကိုထိကပ်လိုက်တယ်။
"......"
ခဏတာတော့သူငြိမ်သက်သွားတယ်။ ဒါပေမယ့်
နောက်ပိုင်းအတင်းရုန်းလာတာကြောင့်အတင်းဖက်ကာတစ်ဖက်သက်နမ်းရှိုက်နေမိတယ်။"....."
"အခုရော? အခုရောဘယ်လိုလဲ? ယုံပြီလား? အဲ့ဒီညကမင်းကိုနမ်းခဲ့တာငါဆိုတာ...."
"zion..မင်း.."
"ငါတောင်းပန်ပါတယ်ဂျွန် ဒါတွေအားလုံးကိုဖုံးကွယ်ထားခဲ့မိလို့.... မင်းသိသွားရင်ငါ့ကိုမုန်းသွားမှာစိုးလို့ပါ....ဂျွန်...ငါမင်းကိုချစ်တယ်...အရမ်းချစ်တယ်..."
"zion... ငါ...ငါ...အခုထိမယုံနိုင်သေးဘူး...မင်းနောက်နေတာမလား??? ဟုတ်တယ်မလား??? နောက်နေတာမလားလို့..."
"မဟုတ်ဖူး ဂျွန် ကျေးဇူးပြုပြီးငါ့ကိုယုံပေးပါ..."
"ငါ...ငါ...ငါ့အိမ်ငါပြန်သင့်ပြီလို့ထင်တယ်..."
"ဘာ??? ဘာလို့လဲဂျွန်.. မပြန်ပါနဲ့...ငါနဲ့ပဲနေပါ..."
"ငါပြန်တော့မယ် zion ငါတို့ခဏလောက်မတွေ့ပဲေ နရအောင်"
VOUS LISEZ
Love in Hate [Season-1+2]
Roman d'amourHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]