င်းလည်း တော်တာပဲ
မင်းလည်း နောက်ဆုံးပွဲကို ရောက်လာပြီမလား''ဝမ်ရှုဟိုင်လေးလည်း ရှက်ပြုံးပြုံးရင်း ရှက်ရှက်နဲ့
ခေါင်းညိတ်တယ်။အရင်တုန်းက ကောင်စုတ်လေးက တကယ်ကို ဝါကြွားပြီး ကြက်ခေါင်းဆိတ်မခံလေး။ခုလို ငါးနှစ်အတွင်း တအား ပြောင်းလဲသွားမယ် လို့ သူမ မထင်ခဲ့ဘူး။နည်းနည်းပဲ ချီးမွမ်းရသေး မျက်နှာကြီးက ရဲနေပြီ။ကျူ းယောင်လည်း လွန်ခဲ့တဲ့လတွေတုန်းက
သူမ သူ့ုပြိုင်ပွဲတွေ လာကြည့်ပါမယ်လို့ ပြောထားတာကို သတိရလိုက်တယ်။သူမတစ်ကယ်ကို မေ့သွားတာပဲ။''စိတ်မကောင်းပါဘူး ရှုဟိုင်.....
မင်း ပြိုင်ပွဲတွေ လာကြည့်ပါမယ်လို့ ကတိပေးခဲ့ပေမယ့် လွန်ခဲ့တဲ့ လေးလက ကိစ္စတစ်ခုကြုံလိုက်ပြီး
မမ တောင်ကနေ ထွက်သွားလို့ မရတော့လို့ပါ''အဲ့တုန်းက သူက အကြိုပြိုင်ပွဲတွေ ပြိုင်နေချိန်မှာ သူမကတော့ ချီမုန်တိုင်း ကြောင့် ကမောက်ကဖြစ်သွားလို့ ပြန်ကောင်းအောင် နားနေရတယ်။
သူမလည်း ပြန်ကောင်းရော ကောင်စုတ်လေးရဲ့ ပြိုင်ပွဲတွေက ပြီးသွားပြီ။''ရ...ရပါတယ်''
ဝမ်ရှုဟိုင် မျက်နှာက ပိုတောင်ရဲလာတယ်။ပြီးတော့ ူက မော့ပြီး သူမ မျက်လုံးကို တည့်တည့်ကြည့်
ရင်းမေးတယ်။
''စောစောက ကျ တော့်ကို ဘယ်လို ခေါ်လိုက်တာလဲ''''ရှုဟိုင်လေ''
ကျူ းယောင်လည်း သူ့ကို ထူးဆန်းသလို ကြည့်လိုက်တယ်။
''မင်းပဲ ငါ့ကို နာမည်အမြဲ တပ်ခေါ်စေချင်နေတာမလား ခု မင်းကကြီးလာပြီဆိုတော့ အမြဲတမ်းပဲ ကောင်စုတ်လေးလို့ ခေါ်လို့ မဖြစ်တော့ဘူး ဟုတ်
တယ်မလား...ဘာလဲ
မင်းက မခေါ်စေချင်တော့ဘူးလား''''ရပါတယ် သေချာပေါက်ကို ခေါ်လို့ရပါတယ်''
ဝမ်ရှုဟိုင်လည်း အလျင်မြန်ခေါင်းညိတ်တယ်။သူ့ကြည့်ရတာ သူမ စိတ်ပြောင်းပြီး သူ့ကို အဲ့လို မခေါ်
တော့မှာ စိုးရိမ်နေသလိုပဲ။ဒီ ကောင်စုတ်လေးကို ကျေနပ်အောင် လုပ်ပေးရတာ အတော်ခက်တာပဲ။
''မင့် အလှည့် က ဘယ်တော့လဲ''
အဲ့အချိန်မှာ ယန်ရဲ့ဟွာ က ပြိုင်ပွဲမှာ အနိုင်ရသွားြ
ပီ။
BẠN ĐANG ĐỌC
နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)
Hài hướcကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ်နှစ် သင်ပေးတာကြောင့် သူ့တပည့်လည်း ကျင့်ကြံရင်း ကျော်ကြားလာခါနီးမှာပဲ သေဆုံးသွားပါတယ်။လက်မလျော့တမ်း...