Warrior's
Yeon-Ga Era ( 292 - 300 )
Yeon-ga ပြည်နယ်အတွင်း ဘုရင် Bongsong အုပ်စိုးနေသောအချိန်တွင်ဖြစ်၏။
ဘုရင်၏ တရားမျှတစွာအုပ်စိုးနေမှုနှင့်အတူ ပြည်နယ်အတွင်းဝပြောသာယာလျက်ရှိ၏။ ရာသီဥတုမှန်ကန်ခြင်း , ပြည်သူတို့ စားနပ်ရိက္ခာလောက်ငှခြင်း, အခွန်အတုပ်မှန်ကန်စွာကောက်ခံခြင်းတို့ကြောင့် ပြည်နယ်အတွင်းနေထိုင်သူများစိတ်ချမ်းသာရဖွယ်အတိ။
ဘုရင်၏ လက်ရုံးရည် နှလုံးရည်သာလွန်မှုကြောင့် ချစ်ကြည်ရေးမဟာမိတ်ဖွဲ့ထားသောနိုင်ငံအမြောက်အမြားရှိသည်မို့ တစ်နှစ်ပတ်လုံးတွင်ပင်လျှင် စစ်ထိုးမှုအကြောင်အလျဉ်းမှပင်
မကြားမိချေ။သာယာစည်ပင်လှသော Yeon-ga ပြည်မယ်ပင်တည်း။" မိဖုရားရွမ် "
" အမိန့်ရှိပါ မင်းကြီး "
" မင်းသား Chanyeolလေးလည်းခုအရွယ်ရောက်လာပြီဆိုတော့ ကိုယ်တော့်ရဲ့မင်းကြီးနေရာကိုလွှဲပေးချင်ပြီ… ကိုယ်တော်လည်း ကျန်းမာရေးသိပ်မကောင်းတာ မိဖုရားသိမှာပါ ဒီတော့… သားတော်တွေအများကြီးရှိတဲ့ထဲမှာမှ ကိုယ်တော်တော့ Chanyeol ကို ပေးဖို့လျာထားပြီးပြီကွယ် "
"ကျေးဇူးကြီးမြတ်လှပါတယ် မင်းကြီး … မယ်တော်တစ်ယောက်အနေနဲ့ သားတော်မင်းကြီးဖြစ်ဖို့အရေးကိုဝမ်းသာမိပါတယ် မင်းကြီး … ဒါပေမယ့် သားတော်Chanyeol လေးက အရွယ်သာရောက်လာပေမယ့် စစ်ပညာလည်းစိတ်မဝင်စားကြောင်းပါ နန်းတွင်းရေးရာအဖြာဖြာဘာမှကိုစိတ်မဝင်စားတာကခက်လွန်းနေပါတယ် မင်းကြီး … "
" ခက်ပေတယ် သားတော်ရယ် … ကောင်းပြီလေ ကိုယ်တော် သားတော်ရဲ့ အခြေအနေကိုလာအကဲခတ်ပြီး ဖြောင်းဖြကြည့်ပေမပေါ့ "
Park Bongsong ဘုရင်သည် မိဘုရားများစွာရှိသည့်အနက် မိဖုရားရွမ်ကို ပိုလို့ပင်မျက်နှာသာပေးခဲ့သည်။ထို့ပြင် သားတော်အငယ်ဆုံးလေး မင်းသား ၁၆ Chanyeolလေးကို ပိုလို့ပင်အချစ်ခဲ့သည်မို့ မိမိနေရာအားလွှဲပေးရန်ကြံစည်နေမိခြင်းပင် … ။
…………………… •••• …………………………
" Chanyeol "
"…………… "