#Zawgyi
"ဟဲလို စစ်စစ်?"
"ဟဲလိုမလုပ်နဲ့ ဟဲလို... နင်ဘာလို့ငါ့ဆီ တစ်နေကုန်ဖုန်းမဆက်တာလဲ?"
"ကိုယ်မအားလို့ပါ စစ်စစ်ရယ်... ဆိုင်မှာတစ်နေကုန်ရှုတ်ယှက်ခတ်နေလို့.."
"ဪ... ငါ့ကိုဖုန်းလေးခဏလောက်ဆက်ဖို့ကျမအားလို့... နင့်သူငယ်ချင်းတွေနဲ့ကျ ဟိုအလေလိုက်ဒီအလေလိုက် လုပ်ဖို့ကျအားတယ်နော်? အဆန်းကြီး"
"မင်းရန်စကားမပြောနဲ့နော် စစ်စစ်.. တစ်ခုခုဆို အကြောင်းအရင်းကိုမမေးဘူး မင်းထင်ရာတွေချည်းစွတ်ပြောတယ်.."
"အကြောင်းအရင်း? ဟုတ်လား? လျှောက်သွားလိုက် လျှောက်စားလိုက်လုပ်ကြရတဲ့ အကြောင်းအရင်းရှိသေးတယ်လား? ပြောပါဦး အဲ့ဒီအကြောင်းအရင်းလေး..... ငါ့မှာတော့ နင်တစ်ယောက်တည်းပဲရှိလို့ နင်ဂရုစိုက်မယ့်အချိန်ကိုပဲ တစ်နေ့တစ်နေ့ တောင့်တနေရတာ... နင်ကတော့ နင့်သူငယ်ချင်းတွေနဲ့ဆိုရင် ငါ့ကိုသတိရဖို့နေနေသာသာ လှည့်တောင်မကြည့်ဘူး... လွမ်းဖို့ဆိုတာဝေး..."
"စစ်စစ်! မင်း!..... ကဲ ဟုတ်တယ်ကွာ လျှောက်သွားတယ်ကွာ ဘာဖြစ်လဲ?"
"တွေ့လား? နင့်ကိုပြောလိုက်ရင် အမြဲဒီလိုချည်းပဲ... ထစ်ခနဲရှိဒေါသထွက်ပြတယ်.. အော်တယ်.. ငါ့ကိုဆိုစိတ်မရှည်ဘူး.. နင်ကငါ့ချစ်သူပါ ဟဲလိုရဲ့.. ငါ့ချစ်သူက ငါ့ကိုဂရုတစိုက်အချိန်ပေးတာမျိုး အားလုံးထက်ပိုပြီးအလေးထားတာမျိုးတွေကိုတော့ ငါတောင့်တမိတာပေါ့ဟာ.."
တရစပ်ပြောနေတဲ့ စစ်စစ်စကားတွေကို နားထောင်ရင်း ဟဲလို
သက်ပြင်းချလိုက်မိသည်. ဟဲလိုက tomboy တစ်ယောက်ဖြစ်ပြီး စစ်စစ်က lesbian ဖြစ်လေသည်. သူတို့နှစ်ယောက် ချစ်သူသက်တမ်း ၃နှစ်ရှိပြီဖြစ်ပြီး ဒီနှစ်တွေအတွင်းမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လက်တွဲလာခဲ့ကြသည်. စစ်စစ်က သူ့ကိုချစ်လွန်းလို့ ဒီလိုတွေဖြစ်နေတာကို နားလည်ပါသည်. သူကလည်း စစ်စစ်ကို ဘဝတစ်ခုလုံးနဲ့ရင်းပြီး ချစ်သည်. အခုလို သူမရဲ့သဝန်တိုလွန်းမှု စိုးရိမ်လွန်ကဲမှုတွေကြောင့် နားလည်မှုတွေလွဲကာ သူတို့မကြာခဏ ရန်ဖြစ်ရပြီး လမ်းခွဲမယ်တကဲကဲ ပြောမိကြပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် အချိန်ကြာကြာမခေါ်မပြောဘဲမနေနိုင်ကြ... အချိန်တန်ရင် ပြန်အဆင်ပြေသွားခဲ့သည်ချည်းပင်.. ခုလည်းကြည့်လေ.. ရှင်းမရ... မဟုတ်မခံအကျင့်ကြောင့် ဒေါသဖြစ်မိပေမယ့် ပြန်တွေးတိုင်းလည်း ချစ်စရာကောင်းပြီး ကြည်နူးမိရပြန်သည်လေ...
YOU ARE READING
One Shot Collection
Short Storyမင်္ဂလာပါဗျာ... ဒီ collection ထဲမှာ ကျွန်တော် ရေးသမျှ One Shot (Lesbian stories) တွေကို အကုန်စုစည်းပြီး update လုပ်သွားမှာပါဗျ... အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ... ? Peace ✌ Tulipt မင်္ဂလာပါဗျာ... ဒီ collection ထဲမှာ ကျွန်တော် ရေးသမျှ One Shot (Lesbian...