7

897 127 15
                                    

Unicode

" Wu Yifan "

" ဒါမင်းကြောင်လား "

" ကြောင်အကြောင်းမေးဖို့ရောက်လာတာလား "

" ဟုတ်တယ်။ မင်းကြောင်လားလို့။ "

' ဟမ် '

သူ့ဆီမှ ခုလိုကြောင်တောင်တောင်နဲ့ ပွင့်လင်းလွန်းသည့် စကားမျိုးကြားလိုက်ရ၍ ကျွန်တော့်စိတ်ထဲတွင် အီလည်လည်ကြီးဖြစ်သွားလေသည်။

* သူက ငါ့ကို တွေ့ပြီး ကြောင်အကြောင်း လာမေးတာ?? *

ကျွန်တော့်စိတ်ထဲတွင် မအီမသာကြီး။

" ငါ့ကြောင်ဖြစ်တော့ မင်းနဲ့ဆိုင်လား။ "

ကျွန်တော့်shirtအကျႌကို ကုတ်တွယ်ကာ ရင်ဘတ်အထိ အတင်းတက်လာသော 'မီမီလေး'ကို လက်ဖြင့် ထိန်းထားရင်း ခပ်မာမာမေးလိုက်မိသည်။

" ငါ့ကို ခဏပေး။ "

" ဘာ? မပေးဘူး။ "

သူနှင့် ကျွန်တော့်ကြောင်လေးနှင့် ပတ်သက်စရာ အကြောင်းမှ မရှိဘဲ။
သူ့မျက်လုံးကြီးတွေသည်လည်း ကျွန်တော့်ရင်ဘတ်ပေါ်မှ ကြောင်ဖြူလေးဆီသာ ကျရောက်လျက်ရှိသည်။

" ကြောင်အကြောင်း ဆွေးနွေးချင်တာ ဆိုရင်တော့ ခင်ဗျား ပြန်လို့ရပြီ။ "

" ခဏ၊ ခဏလောက်။ "

သူက လက်ကာ၍ မျက်မှောင်ကုတ်ကာ ပြောသည်။ ကျွန်တော် တကယ်ကို စိတ်မရှည်တော့။
Wu Yifanကျွန်တော့်အချိန်တွေကို ဖြုန်းနေသည်မှာ တော်တော်လွန်နေပြီ။
ထိုစဉ် ကျွန်တော့်ရင်ဘတ်ပေါ်မှ 'မီမီလေး'က အသံသေးသေးလေးဖြင့် ညှောင်နေသဖြင့် ကျွန်တော်နို့ဘူးကို ကပျာကယာကောက်ကိုင်လိုက်သော်လည်း နို့ဘူးက ဗလာပင် ဖြစ်နေလေပြီ။
'မီမီလေး'ဗိုက်ဆာနေမည်စိုး၍ Wu Yifan ကိုမေ့ကာ နို့ဖျော်ရန် မီးဖိုချောင်ထဲ ပြေးဝင်လာခဲ့သည်။ သူက ဘာမှမပြောဘဲ ကျွန်တော့်နောက်မှ လိုက်လာသည်။

'မီမီလေး'ကို ထမင်းစား စားပွဲပေါ်မှ ခြင်းသေးသေးလေးထဲ ထည့်ကာ ရေနွေးအိုးကို ခလုတ်နှိပ်လိုက်သည်။
ကျွန်တော်လုပ်သမျှလိုက်ကြည့်နေသော သူ့ကြောင့် နို့မှုန့်ဘူးဘယ်နားမှာမှန်းတောင် မေ့သွားသည်။

ပုံပြင်မဆန်သောပုံပြင်Where stories live. Discover now