အတာချစ်သောစိုင်း

4.4K 320 133
                                    

ဥၾသ ဥၾသ........ဥၾသ ဥၾသ

ပိ​တောက်​ပင်​​ခြေမှာထိုင်​နေရင်း ဥသြတွန်​သံကြားလိုက်
တာမို့ပတ်​၀န်းကျင်​ကို ကြည့်​လိုက်​​​တော့စိန်​ပန်းပင်​ထက်
ကဥသြ​​​​လေးက သာယာနာ​ပျော်​ဖွယ်​အသံ​​​လေးနဲ့​​​​နွေဘွဲ့
တေးကိုသီကျူး​နေ​လေရဲ့။

ရော်​ရွက်​၀ါ​ကြွေ​တွေက​တော့ အပင်​​ခြေပတ်​လည်​မှာသက်
ဆင်း​မြေခ​နေကြ​​ပေါ့။ သြော်​ဘာလိုလိုနဲ့​​​​နွေ​​တောင်​​​​ရောက်
လာပြန်​ပြီစိုင်း​ရေ။

ဒီအချိန်​မင်းရဲ့ဇာတိမှာချယ်​ရီ​​တွေမပွင့်​​တော့​ပေမယ့်​ဒီမှာ
တော့​လေ မင်းသိပ်​ချစ်​ပါတယ်​ဆိုတဲ့ပိ​တောက်​​​​​တွေ​သူ့
ထက်​ငါအပြိုင်​ပွင့်​ဖို့ အသည်းအသန်​ဖူးငုံ​နေကြ​​လေရဲ့။

မကြာခင်​မှာပဲတူးပို့သံ​တွေနဲ့အတူ အတာသင်္ကြန်​​​​​ရောက်
လာ​တော့မယ်​။ ဘာလိုလိုနဲ့မင်းငါ့ကိုထားရစ်​ခဲ့တာ၁နှစ်
တောင်​ပြည့်​​​တော့မှာပဲ​နော်​။ ငါတစ်​​နေ့မှ​မေ့လို့မရခဲ့ဘူး။

တူးပို့သံ​တွေကြားတိုင်း ငါမင်းကိုလွမ်း​နေမယ်​ဆိုရင်​မင်း
ယုံ​ပါ့မလားစိုင်း။ မင်းမရှိ​တော့မှအချိန်​တိုင်းမင်းကိုတမ်းတ
နေမိတာအချစ်​က​ပေးတဲ့"အပြစ်​ဒဏ်​"ပဲထင်​ပါရဲ့​။

မင်းကိုနာရီစက္ကန့်​နဲ့အမျှ ငါလွမ်း​နေတယ်​ဆိုရင်​လွန်​ရာ
များရောက်​သွားမလား။ ဟင့်​အင်း"လွန်​တာ​​ပေါ့​"လို့လုံး
ဝ မ​ပြောလိုက်​ပါနဲ့စိုင်း။ ငါ​ဒီမှာမင်းကို​သေမတတ်​လွမ်း
နေမိတာမို့။တစ်​ချက်​လောက်​​တော့ငါ့ကိုပြန်​ကြည့်​သင့်
တယ်​မဟုတ်​လား။

ဘာလို့အဲ​လောက်​​တောင်​ ​နေနိုင်​ရတာလဲစိုင်းရယ်​။ မင်း
Americaကိုထွက်​သွားကတည်းကဖုန်းလဲ​ခေါ်မရ၊
facebook accountကလဲတစ်​နှစ်​လုံးလုံးမီးစိမ်း​လေး
မလင်းလာ။ ပြန်​လာပါ​တော့လားလို့အချိန်​တိုင်းတမ်းတရင်း
ငါမင်းကို ​လွမ်း​နေပြီ။ပြန်​လာခဲ့ပါ​​တော့စိုင်းရယ်​......

အတာချစ်​​သောစိုင်း/ အတာချစ်သောစိုင်း [Complete]Where stories live. Discover now