"သိကြားမင်းနဲ့ ဗြဟ္မာ မင်းတို့ စစ်ဖြစ်ကြတယ်ဆိုပါတေ့ ..နိုင်တဲ့သူဦးခေါင်းဖြတ်ကြေး..အဲ့မှာ ဗြဟ္မာ မင်းရှုံးသွားတော့သတ်ခံလိုက်ရတယ်..အဲ့ဦးခေါင်းကိုပင်လယ်ထဲပစ်ရင် ရေတွေခမ်းမယ် ကုန်းပေါ်ပစ်ရင် အပင်စိုက်မရဘူး ဘာညာဘာညာပေါ့ကွာ..နောက်တော့ နတ်သမီးတွေကို တလှည့်စီကိုင်ခိုင်းလိုက်တယ်"
"နတ်သားတွေမပါဘူးလား?"
"ဟ သိကြားမင်းကွ .. နတ်သမီးပဲကိုင်ခိုင်းမှာပေါ့ တယောက် ကိုတရက်စီလူ့ပြည်မှာတွက်ရင် တစ်နှစ်ပေါ့ ..ကူးပြောင်းချိန်က သူတို့ဆီမှာစက္ကန့်လောက်ပဲ ဒီမှာတော့ရက်ကူးတဲ့ထိကြာတယ်ကွာ"
" ..အဲ့တာနဲ့ရေပက်တာဘာဆိုင်တုန်း.."
" အညစ်အကြေးဆေးတဲ့သဘောပေါ့ကွာ"
"ဒါဆိုအဲ့ဦးခေါင်းကအခုချိန်ထိ ရှိနေတုန်းလား .ဒါဆိုနတ်သမီးတွေ.ညောင်းနေကြမှာပေါ့ "
လက်ထဲကစာအုပ်နဲ့ အခေါက်ခံလိုက်ရသည်။ မဆိုးပါဘူး ဒီလောက်ပြေ?ာတာတောင် တချက်ပဲ ခေါက်ခံရတာဆိုတော့ ..အဟဲ
"ဒီဒီရေ မင်းဦးနှောက်ကိုလေ ပြတိုက်ထဲထည့်ထားပေးမယ်သလား .."
ရယ်သာရယ်နေလိုက်တော့သည်။ သင်္ကြန် အကြိုနေ့ကို ကားပေါ်မှာဖြတ်သန်းနေရတာ သိပ်တော့မဟန် ..ဒါပေမဲ့လည်း ခရီးထွက်ရတာကိုပင်ကံကောင်းတယ်မှတ်သည် ။ ညီမဖြစ်သူ ဆယ်တန်းတက်မှာ ဖြစ်တဲ့အတွက် တနှစ်လုံး ခေါင်းပူ အဲလေ စာကျက်နိုင် အောင် ဟန်ပြခရီးထွက်လာသည်ဆိုပါတော့ ..
ဦးငယ်က သင်္ကြန် အကြောင်းပြောပြနေသည်။ ဒါလဲ ဟိုကောင်မလေး စာစီစာကုံး ထဲ ထည့်ရေးဖို့ဖြစ်မည်။ပိုကိုပိုလွန်းကြသည်။
"ဒီဒီ ဟိုရောက်ရင် ကိုနောင်နဲ့ နေရမှာနော် ..ကြားလား"
"မားမားရာ ..သားမသိတဲ့သူနဲ့မနေချင်ပါဘူးဆို"
"ရဲဒီဒီကျော် ..ကလန်ကဆန်မလုပ်စမ်းနဲ့ ..ဟိုတယ်တွေဒီလောက်ဈေးကြီးနေတဲ့ကြားထဲ ..သားနဲ့ ခင်ပါတယ်အဲ့ကလေးက "
YOU ARE READING
ပိတောက်ပန်းတစ်ပွင့်ရဲ့မော်ကွန်း
Short Storyကျွန်တော်ဟာ မြန်မာတစ်ယောက်မို့ မြန်မာ့ သင်္ကေတ ပိတောက်ကိုချစ်တယ် .. ပိတောက်နှင့် ပတ်သတ်တဲ့ ချစ်ခြင်းတွေ ဖြူစင်ပါရစေ.. ဆုတောင်းမိပါ၏။