Zawgyi
အချစ်နေ့စွဲလေးတွေ.....
ဒီနေ့နဲ့ဆို ကျနော်နဲ့ Kyunggieက ချစ်သူသက်တမ်း သုံးရက်ပါ.......
(အများကြီးများလားလို့ အကိုရိုးရယ်😅)ဒါပေမယ့် ကျနော်အခုထိ မယုံနိုင်သေးဘူး
အိမ်မက်များဖြစ်နေမလားပေါ့
အဲ့လိုအချန်တိုင်း ကျနော် Kyunggieကို
ဖုန်းဆက်မေး အတည်ပြုလေ့ရှိတယ်
အဲ...ဒါကလည်း ကျနော် အိမ်မက်လို့ထင်မိတဲ့အချိန်တိုင်းပေါ့သိပ်မများပါဘူး တစ်ရက် မှ အခါသုံးဆယ်လောက်လေးပါ
အဲ့တာ ကျနော်မအိပ်မချင်းခေါ်မိတာ
အင်း Kyunggieလေးက ကျနော်ဖုန်းခေါ်ရင်
တခ်ခ်နဲ့ရယ်အဲ့တာကလည်း ပထမတစ်ရက်နှစ်ရက်ရယ်ပါ
သိကြတဲ့အတိုင်း စိတ်မရှည်တတ်သူလေးလေ
ဒီနေ့ ဖုန်းခေါ်တော့ 5callမြောက်မှာ သူဒေါသ
ထွက်လာတယ်ထင်ပါရဲ့ ကျနော်ကိုအော်တယ်အခုကျနော်မခေါ်ရဲသေးဘူး လူကသူ့လွမ်းလို့သေရတော့မယ်
သူအိမ်လိုက်သွားတာကောင်းမယ်
သူကတော့ပြောပါတယ် အိမ်ကလူတွေသိမှာကြောက်လို့လိုက်မလာနဲ့တဲ့ဒါပေမယ့် သူစိတ်ဆိုးကာမှဆိုးရောဘဲ မသိဘူးကွာ လိုက်သွားမယ်
.**********************
Do Kyung Sooတစ်ယောက် အခန်းထဲ တစ်ယောက်ထဲ ထိုင်နေရင်း စာအုပ်ဖတ်နေသည်စာအုပ်သာကိုင်ထားတာပါ ဘာတစ်လုံးမှ မျက်လုံးထဲမမြင်ဘူးရယ်
စိတ်ထဲမနက်က ကိစ္စပဲတွေးနေမိတာရယ်
မနက်က သူChan Yeolကို စိတ်မရှည်လို့အော်
လိုက်မိတာလေ ပြီးတော့ ဖုန်းချပစ်လိုက်တယ်အဲ့တာ ဖုန်းထပ်မလာတော့ အင်း ကျနော်ကလည်း ကျနော် စာအုပ်တစ်အုပ်ဖတ်နေတာ
အဲ့တာကို ဖုန်းခဏခဏဆက်လွန်းလို့ စာဖတ်တဲ့feelပျက်ကြောင်းပြောမိလိုက်တာ
ထပ်မခေါ်တော့ဘူးရယ်သူ့ကိုအော်မိပြီးတဲ့နောက်မှာလည်း ဒီစာအုပ်ဖတ်ရတာလည်း စိတ်မပါ ဖုန်းကိုဘဲ
ခဏခဏ ကြည့်ကြည့်မိနေတာ
စိတ်ပေါက်ပြီး ပြောပစ်လိုက်တယ်
ပြီးမှ ကိုယ်လွန်သွားပြီလားဆိုတဲ့အတွေးက ၀င်လာရော ဟူးးး

YOU ARE READING
Infinity[Completed](Z+U)
FanfictionChansoo. Ficလေးပါ Rommanceလေးပေါ့???? Edit ver: ChanDiဆိုလို့ :3