ဂျေဂျေး (သို့) ကျွန်တော့ရဲ့ လူညာမလေး

1.3K 117 9
                                    

သူက မန္တလေးမှာ ကျောင်းလာတက်တဲ့သူ ဆိုတော့ အိမ်ကို အလွမ်းဖြေဖို့အတွက် ဖုန်းရယ်.. အင်တာနက်လိုင်းရယ်.. ဆန္ဒတစ်ခုခုကို ရည်ညွှန်းတဲ့ စတေးတပ် တစ်ခုရယ်တော့ လိုသည်လို့ သူခံယူထားတဲ့ အတိုင်း.. နေမကောင်းတာ ဖြစ်ဖြစ်.. လွမ်းတာ.. သတိရတာ ဘာဖြစ်ဖြစ်.. ဖေ့ဘုတ်ပေါ်သို့ ရင်ဖွင့်တတ်သည်။

သူ့မှာကလည်း.. ဖေ့ဘုတ်ကလွဲရင်.. တခြားရင်ဖွင့်ဖော် သူငယ်ချင်းမှ တိတိပပ မရှိတာ..၊

“နေမကောင်းလို့ အားမရှိဘူး.. အမေ့ကို သတိရလိုက်တာ..”

ဆိုတဲ့ သူရဲ့ စတေးတပ်လေးအောက်မှာ ဟုတ်သည်ရှိ မဟုတ်သည်ရှိ.. အားတင်းထား..၊ ဒီလိုပဲပေါ့ကွာ..၊ ဘဝက ဒီလိုပဲ.. ဖိုက်တင်း..၊ ဆိုတာတွေကို ဖတ်ရင်း ကြည်နူးမိနေချိန်.. မန့်တစ်ကြောင်းက တက်လာသည်။

“အိုဘီမင်သောက်လေ..”တဲ့..၊

သူ စိတ်နည်းနည်း တိုသွားပေမယ့် ပြုံးဖြစ်သွားပြီး.. ထိုအကောင့်ပိုင်ရှင်ရဲ့ ဝေါထဲ ဝင်ကြည့်တော့ သူနဲ့လည်း သူငယ်ချင်း မဟုတ်ပဲနဲ့..၊ ပေါက်ကရ လာမန့်သွားခြင်းသာ..၊

စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်သွားခြင်းနဲ့ အတူ.. ထိုအကောင့်ကို အပ်လိုက်တော့ သူကချက်ချင်း လက်ခံလိုက်၏။ ထို့ကြောင့် နေပါစေတော့ ဆိုတဲ့ စိတ်ကနေ တစ်ခုခု ပြောချင်တဲ့ စိတ် ဖြစ်လာပြီး..

‘ဟေ့ ငါ နေမကောင်းဘူး ဆိုတာကို မင်းက ဟာသလုပ်ချင်နေတာလား.. ငါလျှောက်တင်နေတယ် ထင်လို့လား..’

အတန်ကြာတဲ့ ထိစာ မတက်လာတော့.. ဖတ်နေကျ စာတွေကို လိုက်ဖတ်ပြီး ထိုအကောင့်ကို ခေတ္တမေ့သွားမိ၏။ နောက်တော့.. ပြောင်နေတဲ့ ပုံလေးတက်လာပြီး..

‘ဟာသလုပ်ချင်ရအောင်ကို နင်ရေးထားတဲ့ စတေးတပ်က ဆွဲဆောင်မှုရှိလို့ပါ.. သူများမရေးစေချင်ရင် မန့်ပိတ်ထားလိုက်လေ.. အပိုတွေ လာပြောမနေနဲ့..’

ဘာဆက်ပြောရမှန်း မသိတော့အောင်ကို ထိုသူက အကွက်စေ့စွာ ထောက်ပြသွားခဲ့လေပြီ။ သူဘာဆက်ပြောရမလဲ.. မသိ သလို..၊ ဆက်ပြောနေရင်လည်း ထိုသူကို နိုင်အောင် ပြောနိုင်ဖို့မလွယ်..၊ သို့သော်.. ထိုသူကပဲ ဆက်၍..

ဂျေဂျေး သို့ ကျွန်တော့်ရဲ့ လူညာမလေးWhere stories live. Discover now