အပိုင်း(၂)

7.3K 945 13
                                    


" ဒါအကုန်​ပဲလား...."

Baekhyun သယ်​လာတဲ့ အဝတ်​ထုတ်​​လေး
၂ ခုကိုကြည့်​ပြီး Chanyeol ​မေးလိုက်​ခြင်းပင်​။

" ဟုတ်​ ၊ ဒါပဲ ရှိတာအကုန်​ ! "

Chanyeol အိမ်​မှာ လိုက်​​နေရမည်
ဖြစ်​သဖြင့်​ အဝတ်​​တွေထုတ်​​နေရသည်​။

နက်​ဖန်​မှ ဆိုင်​ကိုလာတဲ့အချိန်​ အထုတ်​​တွေ
သယ်​လာမယ်​ဆိုတာ​ကို လက်​မခံဘဲ
ညစာစားပြီးတာနဲ့ ချက်​ချင်း ဂဝန်​ဒိုက
တိုက်​ခန်း​တွေဆီ လိုက်​ပို့​တော့သည်​။

တစ်​ရက်​တည်းနဲ့ အားနာစရာ​တွေများပြား
နေတဲ့ သူ့အတွက်​ Chanyeol ရဲ့
အကူအညီကို တက်​နိုင်​သ​လောက်​ ငြင်း​သော်
လည်း မရမက သူ့ကား​ပေါ်တင်​ပြီး
လိုက်​ပို့​ပေးသည်​။

အ​ကြောင်းပြချက်​က မနက်​အ​စောကြီး
အထုတ်​​တွေနဲ့ မနိုင်​မနင်းဖြစ်​မှာဆိုးလို့တဲ့။

" ပြီးရင်​ သွားကြမယ်​​လေ ... ​ပေး အဲ့ဒီ့အိတ်​ "

" အာ..ရပါတယ်​ ။ ​ပေါ့​ပေါ့​လေးကို "

" ​ပေးစမ်းပါ !! "

Baekhyun လက်​ထဲက လက်​ဆွဲအိတ်​ကြီးနဲ့
အဝတ်​ထုပ်​​လေးကို အ​ရှေ့က​နေ သယ်​သွား
တော့ ​ကျောပိုးအိတ်​​လေးနဲ့ Baekhyun
က သူ့​နောက်​အမှီလိုက်​ရ​တော့သည်​။

တယ်​လဲ စိတ်​မြန်​တဲ့ လူကြီးပါ​လေ ^^

ဂဝန်​ဒိုက​နေ ဆိုလ်းမြို့ထဲက ဆိုင်​​လေးဆီ
ပြန်​အသွား ကား​ပေါ်မှာ နှစ်​​ယောက်​လုံး အ​တွေး
ကိုယ်​စီနဲ့ တိတ်​ဆိတ်​​နေကြသည်​။

မီးပွိုင့်​ မှာ ကားရပ်​ထားတုန်း Baekhyun
က စပြီး ​တိတ်​ဆိတ်​မှုကို ​ဖြိုခွင်းလိုက်​သည်​။

" Chef ... "

" ​ပြော​လေ .. "

Chanyeol ​ဖြေလိုက်​ပြီး ဖွင့်​ထားတဲ့
ရေဒီယို​လေးကို ပိတ်​​ပေးလိုက်​သည်​။

ဒါမှ သူ့ရဲ့အသံ​သေး​သေး​လေးကို
ကောင်း​ကောင်းကြားရမည်​ဖြစ်​သည်​။

" ဟို ... ကျ​နော့်​ကို ဘာလို့ guide လုပ်​​ပေး
ချင်​ တာလဲ ...ဆိုတာ .. "

Give It To Me(U+Z)Where stories live. Discover now