Zawgyi
မနက်စောစောနိုးဖို့က ကျနော်တာဝန်ဖြစ်ခဲ့သည်မှာ
တော်တော်ကြာပြီ ...သမီးလေးကိုမွေးပြီးကတည်းက သမီးရဲ့ ဝေယာဝစ္စမှန်သမျှကို ကျနော်ကိုယ်တိုင်ပဲ လုပ်ပေးနေကြ..အရင်ကတော့ chanyeollieအတွက် လုပ်ပေးနေကြပေမယ့် သမီးရှိလာကတည်းက သူနဲ့ကျနော့်ရဲ့ဆက်ဆံရေးက ဝေးသည်ထက် ပိုဝေးလာတယ်..
ကျနော်နဲ့ပတ်သက်သမျှကို လျစ်လျူရှုတတ်တာ
သူ့အကျင့်...အဲ့အထဲ သမီးလေးပါနေတာတော့
စိတ်မကောင်းစရာပါပဲအဲ့တုန်းက နှစ်ဖက်မိဘတိုက်တွန်းမှုနဲ့ ကလေးမွေးဖို့
ဆေးရုံမှာ ကြိုးစားနေတဲ့အချိန်...သူကတော့
ကလေးမလိုချင်လို့ အတင်းငြင်းဆန်ပုန်ကန်နေတဲ့အချိန် ...
Partyတစ်ခုကအပြန် သူများဆေးခတ်တာမိခဲ့တဲ့ ကျနော်တို့နှစ်ယောက်...သူကလွဲပီး ကျနော်ချစ်ရမယ့်လူတစ်ယောက်
ဖြစ်ပေါ်လာတော့တယ်...သူကနေမင်းကြီးဆို သမီးလေးက လတစ်စင်း
ကျနော့်ကို လမ်းပြအလင်းဆောင်ပြီး အသက်
်ရှင်သန်ရာတွေသူကတော့...
သူ့ကို ဆွဲထားမယ့် သံယောဇဉ်ကြိုးတွေ
ဘယ်လိုချင်ပါ့မလဲ...မိဘတွေ ကွယ်လွန်တာနဲ့
ကျနော့်ကို အပြီးဖြတ်ဖို့ လုပ်ထားတဲ့သူ့အစီအစဉ်တွေရှုပ်ကုန်မှာပေါ့...သူ့အတွက် ကျနော်နဲ့သမီးလေးက အသက်မရှိတဲ့လူတွေ ဖြစ်ခဲ့တော့တာပဲ...
ဒီလိုနေလို့မရသေးဘူးဗျ..
မနက်စာအတွက် ပေါင်မုန့်ကိုမီးကင်..ကော်ဖီဖျော်
သမီးအတွက်ကနွားနို့ ...စတော်ဘယ်ရီယိုကျန်နေ
သေးတာပဲ...ကျနော့်မမလေးက တခြားဟာတွေ
မစားဘူးဗျ...နံနက်စာပြင်ပြီးတော့ သမီးနဲ့သူ့အတွက် ထမင်းချိုင့်
ပြင်ပေးရတယ်...ဟင်းချိုလေးချက်..အရွက်သုတ်ပြီး
အသားကြော်လေးကြော်ပေးလိုက်တယ်...
YOU ARE READING
ချစ်ရသူသိစေ🍁[ချစ်ရသူသိစေ🍁]
Fanfictionမင်းပေးတဲ့နာကျင်မှုတွေကိုမခံနိုင်လို့ ထွက်ပြေးမိတဲ့အခါ ငါ့ကိုဖမ်းဆွဲထားဖို့ သတိရပါ.. မင်းပေးတဲ့နာကျင်မှုတွေကိုမခံနိုင်လို့ ထွက်ပြေးမိတဲ့အခါ ငါ့ကိုဖမ်းဆွဲထားဖို့ သတိရပါ.. #chanbaek Both Unicode and Zawgyi. Coverphoto credit to @Zeprimadon...