လူတစ်ယောက်ရဲ့ နှလုံးသားဟာ တစ်သက်မှာ တစ်ခါပဲ ချစ်နိုင်သည်
ဆိုသော စကားကို ကျွန်တော် မယုံပါ ။ နှလုံးသား သည်လည်း စက်ပစ္စည်း တစ်ခုနှင့်တူလေသည် ။ တစ်ခါသုံး ပစ္စည်းမဟုတ်သော စက်ပစ္စည်းများသည် အသုံးပြု ၍ ပျက်သွားသည့်အခါ အမှိုက်ပုံမှာ အလွယ်တကူ စွန့်ပစ်ရန် မလိုအပ်ပေ ။ ပြန်လည်ပြုပြင်ကာ အသုံးပြုနိုင်သည်။
ဒဏ်ရာရ သွားသော နှလုံးသား တစ်ခုသည်လဲ တစ်သက်လုံး မချစ်နိုင်တော့သည်တော့မဟုတ် ။ နွေးထွေးမှု ၊ ကြင်နာမှု ၊ ချစ်ခြင်းမေတ္တာ စသည်တို့နှင့် အချိန်ကာလ တစ်ခုကို အသုံးပြုကာ ပြုပြင် ပြောင်းလဲပြီးလျှင် အသစ်အတိုင်းမဖြစ်တော့သည့်တိုင် နာကျင်ပျက်စီးကာ ကြေမွ
နေသည့် နှလုံးသား တစ်စုံသက်သက် မဟုတ်နိုင်တော့ပေ ။ ပြန်လည် အသုံးပြုနိုင်သည် ။ နောက်တစ်ကြိမ် ပြန်ချစ်နိုင်ပေလိမ့်မည်။
ကျွန်တော့်အတွက်တော့ ကျွန်တော့် နှလုံးသားကို တစ်ခါပဲ ချစ်နိုင်မည့် တစ်ခါသုံး ပစ္စည်း တစ်ခုလို ဘယ်တုန်းကမှ မတွေးထားခဲ့ပေ ။" Park Chanyeol .... "
ပခုံးကို ပုတ်ကာ ခေါ်လိုက်တာကြောင့် ကျွန်တော် အထိတ်တလန့်
လှည့်ကြည့်လိုက်မိတော့ မြင်လိုက်ရသော မျက်နှာကြောင့် ကျွန်တော်
ချက်ချင်း အကြည့်လွှဲလိုက်သည် ။ ထို အမျိုးသမီးက ကျွန်တော့်ကို
သေချာကြည့်နေရင်း" Chanyeol..... မင်း .. Chanyeol မဟုတ်လား ... ဟင်.....Park Chanyeol .... "
" Arnyi..... အစ်မ လူမှားနေတယ်..... ကျွန်တော်က အစ်မ ပြော
နေတဲ့သူ မဟုတ်ပါဘူး........ "ကျွန်တော့် ငြင်းဆိုမှုကြောင့် ထို အမျိုးသမီးက အနည်းငယ် အံ့အားသင့်သွားပြီးမှ ကျွန်တော့်ပခုံးကို ရင်းနှီးစွာ ပုတ်လိုက်ရင်း
" ဟယ်..... နောက်တယ်.... Chanyeol ရယ်..... မင်းကို ငါက မမှတ်မိပဲနေမလား........... မင်း တို့ကို မမှတ်မိဘူးလား.... Min Soo Noona. လေ...... မင်းတို့ ဘေးအိမ်က.... မတွေ့တာကြာတော့ ချောလာလိုက်တာ.... Chanyeol ရယ်..... မင်း အိမ်ကထွက်ပြေးသွားလို့..... မင်းမိဘတွေ ဘယ်လောက်တောင် စိတ်ပူနေကြလဲ....... နှစ်နှစ်လောက်တောင် ရှိတော့မယ်.... အခုရော ဘယ်မှာနေတာလဲ...... ဘာတွေလုပ်နေလဲ.... ဟိုကောင်လေး ......"
YOU ARE READING
နင့်
Short Storyရင်နဲ့အမျှ ချစ်ရသော ချစ်သူ ...... မင်း ရဲ့ အပြုံးတွေက ငါ့ဘ၀အတွက် အားအင် ..... မင်းရဲ့ မျက်ရည်တွေက ငါ့အတွက် အကြီးမားဆုံး ရန်သူ ... မင်း ရဲ့ ပျော်ရွှင်မှုတွေကတော့ ငါ့ဘ၀ အတွက် အဆုံးသတ် ..... အဆုံးသတ်မှာ ကိုယ် ပိုင်ဆိုင်လိုက်ရတာ...