စာသင်ခန်းထဲမှာဆို Minhyun က ပြတင်းပေါက် ဘေးမှာအမြဲထိုင်နေကြ။
စာသင်တာစိတ်မဝင်စားတဲ့အချိန်တွေဆို
ပြတင်းပေါက်ကနေ ကောင်းကင်ပြာကိုမော့ကြည့်လိုက်။
ကျောင်းရှေ့က သစ်ပင်လေးတွေကိုကြည့်လိုက်လုပ်နေကြ။ဟိုးအရှေ့က လမ်းပေါ်မှ ဆော့ကစားကို ကလေးနှစ်ယောက်ကို ကြည့်နေရင်း...
"ဝုန်း"
တံခါးဆောင့်ဖွင့်လိုက်သံတစ်ခု။ကောင်လေးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက်။
ဆရာ့ပြောစကားအရဆို ကျောင်းသားအသစ် ၂ယောက်ပေါ့။"Kim Da Young " လို့ခေါ်ပါတယ်။
သူမကမိတ်လဲ မိတ်ဆက် ။ အလှဆုံးကလဲ ပြုံးထားသေးသည်။
Minhyun မျက်လုံးထဲ ချစ်စရာကောင်းပေမယ့် အပိုတွေလုပ်နေသည်ဟုထင်မိသည်။
နောက်တစ်ယောက်ကရော...
"Park Jae Hwan ပါ ။ Jae Hwan လို့ပဲခေါ်ပါ"
"Jae Hwan!!!" MinHyun သူ့ကို စိုက်ကြည့်လိုက်မိသည်။ ရင်ထဲမှာလဲ ဘာရယ်ကြောင့်မသိ အလိုလို ခုန်လာသည်။
သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် မိတ်ဆက်နေသော ထို ကျောင်းသားသစ်သည် သူမေ့မရခဲ့သော ကလေးလေး Jjaeni မဖြစ်နိုင်။
Jjaeni သည် သူ့ထက် ၁နှစ်ငယ်သည်။
သူနှင့်အတန်းလာတူဖို့ရာ မဖြစ်နိုင်။သူထပ်မံစိုက်ကြည့်ပြန်သည်။
ပြည့်ဝဖောင်းတင်းသော ပါးနှစ်ဖက်မှ အပ Jjaeni နှင့် တူသော အခြား ဘာမှရှာမတွေ့ဟုထင်သည်။
မျိုးရိုးကလဲ Park ပဲလေ Kim Jae Hwan မှ မဟုတ်တာ။ သူစိတ်လျှော့လိုက်ပြီး ဘေးဘီဝဲယာ အကြည့်မှာတော့...လူအားလုံးရဲ့ အကြည့်ကသူ့ဆီမှာ...
" minhyun , သား အသစ် ၂ယောက်ကို ဒီလောက်စိတ်ဝင်စားလား" ဆရာရဲ့ အစအနောက်စကားအပြီးမှာတော့..
သူမတ်တပ်နေမှန်း သတိထားမိသွားသည်။ရှက်ကိုးရှက်ကန်းဖြင့် အင်းမလုပ်အဲမလုပ်ပဲ ပြန်ထိုင်လိုက်သည်။
တွေးမိသေးသည်။" Jjaeni ရေ မင်းကိုတော့ ရှာမတွေ့သေးပဲ မင်းနဲ့ နာမည်တူတဲ့သူတော့ ရှာတွေ့နေပြီ " လို့။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...