ဆဋ္ဌမပိုင်း

886 40 0
                                    

❦ ......... အပြုံးလေး .......... ❦
               ဆဋ္ဌမပိုင်း


••°••°••°••°••°••°••°••°••°••°••°••°••°••°••°••°••°••°••


ကျွန်တော့်စကားမဆုံသေးခင်မှာပဲ သူကျွန်တော့်ကို ဆွဲနမ်းလိုက်သည်။ ကျွန်တော်နှုတ်ခမ်းနှင့်သူ့နှုတ်ခမ်းတို့ ထိတွေ့လိုက်သည့်အခါ တီကောင်ကို ဆားဖြင့်တို့လိုက်သလို ကျွန်တော့်တစ်ကိုယ်လုံးတွန့်သွားရကာ ရှိန်းတိန်းတိန်းခံစားသွားရသည်။
သူ့အနမ်းလေးက ပူနွေး စိုစွတ်ကာ သူ့နှုတ်ခမ်းလေးကလည်း ပိုးကတ္တီပါစလေးလို နူးညံလွန်းနေသည်။ ကျွန်တော်ယောင်ရမ်း​ပြီး မျက်လုံးကိုပိတ်ထားလိုက်မိ သည်။ သူ့ရဲ့အနမ်းထဲတွင် နစ်မွန်းပျော်ဝင်နေရင်း ကျွန်တော်​ လောကကြီးတစ်ခုလုံးကို မေ့ချင်ချင်ဖြစ်သွားသည်။
သူ့အနမ်းက ချိုမြိန်ပါသည်။
ကျွန်တော့်လျှာထဲတွင် စွဲမက်စွာ သူ့နှုတ်ခမ်းသားတွေနှင့် ထိတွေ့ရသည်ကို အရသာတွေ့လာသည်။
ထို့နောက် ကျွန်တော်သူ့ကို ကုတင်ပေါ်သို့လှဲချလိုက်ကာ အပေါ်မှတက်ခွလိုက်ပြီး အငမ်းမရနမ်းရှိုက်မိလိုက်သည်။
သူ့ရဲ့နွေးနေသော လျှာလေး ကျွန်တော့်ခံတွင်းထဲဝင်လာချိန်မှာတော့ ကျွန်တော့်တစ်ကိုယ်လုံး လျှပ်စစ်ဓာတ်လိုက်သလို ယစ်မူးထုံရီေ၀၀ါးသွားသည်။

အနမ်းတစ်ခု၏ဆွဲခေါ်ရာကို ကျွန်တော်တို့နှစ်ယောက် ရူးသွပ်စွာကခုန်ရင်း တစ်ယောက်နှင့်တစ်ယောက် စိုက်ြကည့်နေလိုက်မိသည်။ ထို့နောက် သူ့နှုတ်ခမ်းနှင့်ကျွန်တော့်​နှုတ်ခမ်းကို ခွာလိုက်သည်။
စေးကပ်နေသော နှုတ်ခမ်းသားတွေက ပန်းပွင့်လေးတစ်ခု တစ်​လွှာချင်းခွာလိုက်သလို ကွဲကွာသွား၏။ ထို့နောက် ကျွန်တော်သူ့နား နားသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။

”ချစ်…………..တယ် …………..”

သူ့ဆီမှ ကျွန်တော့်အတွက် လွင့်ပြန်လာသည်က အပြုံးလေးတစ်ပွင့်ပါပင်။
သူ့အပြုံးထဲတွင် ချိုမြိန်သည့်သကာရည်တွေ ရောစပ်ထားသည့်အလား ကျွန်တော့်ရင်ကို ချိုမြသွားစေသည်။ ကျွန်တော့်သူ့ပါးလေးကို မရဲတရဲဖြင့် အသာအယာ ကိုင်ြကည့်လိုက်သည်။
ချောမွတ်နေသောသူ့ပါးပြင်လေးကို ကျွန်တော်ထိရမှာ တွန့်ဆုတ်တွန့်ဆုတ်ြဖစ်နေမိသည်။ တုန်ရီနေသော ကျွန်တော်လက်တွေကို သူ ဖမ်းဆုပ်လိုက်၏။
ထို့နောက် သူ့ပါးပြင်နားသို့ ကပ်ပေးလိုက်လေသည်။
ကျွန်တော် ပိုးပါဝါစလေးလိုနူးညံနေသည့် သူ့ပါးပြင်လေးကို ပွတ်သပ်ြကည့်မိသည်။
ကျွန်တော့် လက်တွေကိုတော့ သူက ဆက်လက်ဆုပ်ကိုင်ထားဆဲပင်။

အပြုံး​လေး ...Wo Geschichten leben. Entdecke jetzt