"တော်သေးတာပေါ့ ထွက်သွားပေလို့"
စားလို့မကုန်သေးသော ဝက်ချိုချဉ်ကြော်များကို အပြည့်သိပ်ရင်း JaeHwan တစ်ယောက်ပြောလိုက်မိသည်။
"Hwang Min Hyun" သူတစ်နေရာရာမှာ ရင်းရင်းနှီးနှီး ကြားဖူးနေတဲ့ နာမည်။
သူ့ အသိများလား...သူငယ်ချင်းတွေ ထဲကများလား... စားရင်းနဲ့တွေးနေမိပြန်သည်။သူ့ အသက် ၁၂ နှစ်လောက်တုန်းက ကားတိုက်မှု ဖြစ်ခဲ့ရာ ဒူးခေါင်းခွဲစိတ်မှုလုပ်ခဲ့ရသည်။
ခေါင်းလဲ အနည်းငယ် ထိသွားပြီး မေ့ဆေး အရှိန်ကြောင့် ငယ်စဉ်ကအကြောင်းများကို မမှတ်မိ။အိပ်မက်ထဲမှာတော့ တစ်ခါတလေ ပြန်မှတ်မိလာတတ်ပြီး တချို့မှာ တိုက်ဆိုင်မှု ရှိမှသာ ပြန်သတိရလာတတ်သည်။
အခုလဲ Hwang Min Hyun ဟူသည့် နာမည်က သူ့ခေါင်းထဲက မထွက်။
အကယ်၍များ Minhyun နှင့် သူ အသိတွေဖြစ်ခဲ့ပါက သူ့ မသိစိတ်ထဲက ပြန်မှတ်မိချင်နေသည်။
(School bell rings)
စာသင်ချိန် ရောက်ပြီမို့ JH အသဲအသန် အဆောင်ပြန်ပြေးရပြန်သည်။
ကန်တင်း လာစဉ်က အခန်းပတ်ရှာခဲ့သည့်အတွက် အခုတော့ အခန်းရှိရာ တည့် ပြေးနိုင်လေပြီ။
ပထမနှစ် အတန်းများကို ၄ထပ်မြောက်မှာသာထားသည့်အတွက်လည်း JH စိတ်ထဲမှ ပိုးစိုးပက်စက်ကို ကျေးဇူးတင်နေမိလေသည်။
ဒီနေ့၁ရက်ထဲမှာပင် ပြေးရလွှားရ တက်လိုက်ဆင်းလိုက်ဖြင့် ခြေထောက်ကလဲ အတော်နာနေပြီ ဖြစ်၏။
အခန်းထဲဝင်လိုက်ပြီး ခေါင်းမှောက်အိပ်နေသော ကောင်လေးတစ်ယောက် ဘေးကခုံအလွတ်မှာ ဝင်ထိုင်လိုက်သည်။
သူ့ ထိုင်ခုံ မ သံကြောင့် ဘေးကကောင်လေးနိုးလာပြီး သူ့ကိုဖော်ရွေစွာ နှုတ်ဆက်သည်။
" ကျောင်းသားသစ်လား ငါ့နာမည် Lee Ji woo ပါ ဒီအတန်းရဲ့ EC .. လိုအပ်တာရှိလဲ ပြော ..ဒါ ငါတို့ ဌာနရဲ့ အဓိက အဆောင် မင်း ကျောင်းပတ်ကြည့်ပြီးပြီလား"
"ဟင့်အင်း မကြည့်ရသေးဘူး"
"ဒါဆို locker ရှိတဲ့နေရာ မသိသေးဘူးပေါ့"
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...