ကြယ်တွေစုံပြီးမှောင်မိုက်တဲ့ညတစ်ညမှာ..
ဟိုး မိုးကောင်းကင်ကို တမေ့တမော ငေးကြည့်ရင်း
စကားတစ်ခွန်းကို သူဆိုခဲ့ဖူးတယ်..."ကိုယ့်အနားမှာ ထာဝရအတွက် ရှိနေပေးနိုင်မလား "တဲ့
အဲ့ဒီ မိုးကောင်းကင်ထက်က..
ကြယ်တွေလိုပဲ..
တစ်ဖျတ်ဖျတ်တောက်ပနေခဲ့တဲ့..
သူ့ရဲ့မျက်ဝန်းတွေကို ငေးလို့..
ကျွန်မပြန်ဖြေခဲ့မိတာက...သူဟာကျွန်မဘဝတစ်သက်တာရဲ့ မြတ်နိုးရခြင်းဖြစ်ပြီး တကယ်လို့ သူဟာ ဝဋ်ကြွေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင်တောင် ဘယ်တော့မှ မကျေချင်ခဲ့တဲ့ ဝဋ်ကြွေးဖြစ်တယ်..
မပိုင်ဆိုင်ရလည်း ဖြစ်တယ်..ဒီအတိုင်းလေးပဲ သူ့ကိုငေးမောလို့
ဘယ်တော့မှ စွန့်ခွာမသွားဘဲ ဟိုးနောင်ဘဝတွေအထိ
ချစ်မြတ်နိုးချင်ပါတယ် " လို့ပေါ့...အစပိုင်းမှာ နာကျင်ခဲ့ရပြီး အဆုံးသတ်မှာ..
ပျော်ရွှင်ရမယ်ဆိုတဲ့ Happy ending
ပုံပြင်တွေကို ကြားခဲ့ဖူးသလား...အစပိုင်းမှာပျော်ရွှင်ရပြီး အဆုံးမှာ နာကျင်ရမယ့်
Sad ending ဇာတ်လမ်းတွေကို နှစ်သက်သလား..လူတစ်ယောက်ရဲ့ ဘဝမှာ ကြီးမားတဲ့ကံကောင်းခြင်းဟာ
တစ်ကြိမ်တစ်ခါတော့ ကြုံရစမြဲပဲ..Idolတစ်ယောက်နဲ့သူကို အရူးအမူးစွဲလမ်းခဲ့တဲ့
ကောင်မလေးတစ်ယောက်..
Fangirlတစ်ယောက်ဟာ သူ့ရဲ့idolကို
တစ်ကြိမ်တစ်ခါလောက် တွေ့ခွင့်ရဖို့..
ဘာတွေကို ကျော်ဖြတ်ရမဲ့လို့ ခင်ဗျားတို့ထင်သလဲ..အကြီးမားဆုံးကံကောင်းခြင်းဟာဘယ်အရာမျိုးလို့
ခင်ဗျားတို့ ယူဆသလဲ...ဥပမာ..ခင်ဗျားရဲ့idolက ခင်ဗျားမျက်နှာကို
စေ့စေ့ကြည့်လို့ ခင်ဗျားနာမည်ကို ကောက်မေးလိုက်တဲ့
အချိန်မျိုးမှာပေါ့..Idolနဲ့သူရဲ့ fangirl သူတို့နှစ်ယောက်ရဲ့ ပုံပြင်လေးက
အဆုံးသတ်မှာ ဘာများဖြစ်လာမလဲ..
ပျော်ရွှင်ခြင်းလား နာကျင်ခြင်းလား..
ခင်ဗျားတို့ စောင့်ကြည့်ချင်ကြလား....ဇာတ်လမ်းလေးက ဒီလိုစတင်ခဲ့တယ်......
အဟမ်းအဟမ်း...
ဒီficလေးရေးဖို့ နေ့နေ့ညည တစ်ကျီကျီလာပူဆာနေတဲ့
မတ်မတ်အတွက် လက်ဆောင်လေးပါ..
Wu yifan OC ကိုယ့်အတွက်တော့ တကယ်ခက်တယ်..
ခံစားချက်ထည့်ဖို့ လုပ်လိုက်တိုင်း..
သူ့မျက်နှာမြင်ရယ်ချင်နေတဲ့ ကိုယ့်ကိုယ့်ကို ဆွဲဆိတ်ပြီး
မှ မနည်းရေးရတယ် ဆိုပါတော့...ဒုတိယမြောက် fic လေးကို တစ်ကြိမ်လောက် မြည်းစမ်းကြည့်ကြမလား...
Tinkerbell-Luwei
ВЫ ЧИТАЕТЕ
Wu Yifan သို့မဟုတ်....
Фанфикတိမ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ဖူးလား... မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေကိုငေးကြည့်ခဲ့ဖူးလား.. ကျွန်မ မှတ်မိနေသေးတယ်.. သူဟာ ကျွန်မကို ဟိုး မိုးကောင်းကင်ပေါ်က အဆမတန်လင်းလက်နေတဲ့ ကြယ်တွေလို ငေးမောကြည့်လို့ ပြုံးပြနေခဲ့တာကိုပေါ့... သူက ကျွန်မကို မေးခဲ...