တစ်စုံတစ်ယောက်ကို အလွန်အကျူး စွဲလမ်းခဲ့ကြဖူးသလား..
ဥပမာ-သူကခင်ဗျားအတွက် အရာအားလုံးဖြစ်နေတာမျိုးပေါ့..ခင်ဗျားတို့ဘဝမှာ အဲ့ဒီတစ်စုံတစ်ယောက်က
ခင်ဗျားကို ဘယ်တော့မှမသိနိုင်တဲ့ သူမျိုး..
ခင်ဗျားဘယ်တော့မှလက်လှမ်းမမှီနိုင်တဲ့ သူမျိုး
ဖြစ်နေခဲ့မယ်ဆိုရင်ကော..
ခင်ဗျားတို့ သူ့ကိုဆက်လို့ စွဲလမ်းနေအုံးမလား..လူတွေက အချစ်ကိုအမျိုးမျိုးဖွင့်ဆိုကြတယ်..
စွဲလမ်းခြင်း မြတ်နိုးခြင်း..နှစ်သက်ခြင်းစတာတွေပေါ့..
ဒီဇာတ်လမ်းလေးရဲ့ အချစ်ကတော့..
ခင်ဗျားတို့ စွပ်စွဲနေကြ ..
ရူးသွပ်ခြင်းလို့ပဲဆိုကြပါစို့..Idolတစ်ယောက်ကို ရူးသွပ်ခြင်းပေါ့လေ..
ဆိုကြပါစို..
ခင်ဗျားသိပ်ကို ရူးသွပ်မြတ်နိုးတဲ့ တစ်စုံတစ်ယောက်ကို
အရှင်လတ်လတ်မြင်တွေ့လိုက်ရတဲ့အခါမျိုးမှာပေါ့..ခင်ဗျားတို့မှာ ခံစားချက်တစ်ခုခုတော့ဖြစ်ကြမှာပဲ
ဥပမာပြောရရင်..
နောက်ဆုံးတော့ တွေ့ခွင့်ရပြီတို့ဘာတို့ပေါ့..သူမနဲ့သူမရဲ့idolတို့ရဲ့ ပုံပြင်လေးကတော့
ရိုးမလိုလိုနဲ့ ဆန်းတယ်..
ဆန်းပေမယ့်..အရမ်းကြီးတော့
ခြားနားမနေခဲ့ဘူး..တစ်ခြားပုံပြင်တွေလိုပဲ သူမတို့နှစ်ဦးရဲ့
တွေ့ဆုံခြင်းက Idolနဲ့ fangirlက နေ
စတင်ခဲ့တာပါပဲ..တကယ်လို့သာ ဒီပုံပြင်လေးက
ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်..
သူမက..ဒီဇာတ်လမ်းရဲ့
ဇာတ်ဆောင်မင်းသမီးလို့ပဲသတ်မှတ်ကြရအောင်..အကြီးမားဆုံး ကံကောင်းခြင်းက ဘယ်အရာလို့
ခင်ဗျားတို့ ယူဆသလဲ..
ဒီမိန်းကလေးရဲ့ ကံကောင်းခြင်းကတော့..
ဒီနေရာကနေ စတင်ခဲ့ပါတယ်..ဘေးနားက လွင့်မျောနေတဲ့ တိမ်တိုက်တွေကို
ငေးကြည့်ရင်း..
သူမသက်ပြင်းချလိုက်တယ်...အဲ့ဒီ တိမ်တွေ က ဘာလို့ အဲ့လောက် လွမ်းမောစရာကောင်းနေရတာလဲ....
YOU ARE READING
Wu Yifan သို့မဟုတ်....
Fanfictionတိမ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ဖူးလား... မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေကိုငေးကြည့်ခဲ့ဖူးလား.. ကျွန်မ မှတ်မိနေသေးတယ်.. သူဟာ ကျွန်မကို ဟိုး မိုးကောင်းကင်ပေါ်က အဆမတန်လင်းလက်နေတဲ့ ကြယ်တွေလို ငေးမောကြည့်လို့ ပြုံးပြနေခဲ့တာကိုပေါ့... သူက ကျွန်မကို မေးခဲ...