'Hyung မနက်စာစားလို့ရပြီ ကျွန်တော်ကျောင်းသွားတော့မယ်'
'8နာရီပဲရှိသေးတာကို'
'Tutoရှိလို့် သွားပြီ အော် Yi Fan hyungကိုနှိုးလိုက်အုန်း ဟင်းချက်ဖို့ဘာမှမရှိတော့ဘူး ဒီနေ့နားရက်မှလား ဈေးသွားလိုက်အုန်း'
'Omm'
'သူများအိမ်မှာလဲ လာနေသေးတယ် အခုထိလဲမထသေးဘူးပေါ့လေ စရောက်တဲ့နေ့ထဲက ကြည့်နေတာ နေ့တိုင်းနှိုးနေရတယ် ဒီနေ့တော့ငါနဲ့တွေ့ပြီ Wu Yi Fan ရေ'
'ဒုန်း ဒုန်း ဒုန်း Wu Yi Fan မထသေးဘူးလား နေတောင်ပြန်ဝင်တော့မယ် အိပ်ရင်းနဲ့အသက်ထွက်သွားပြီလား ဒုန်း ဒုန်း'
'ညင်ညင်သာသာနှိုးလဲရတာပဲကို babyကလဲ'
'စောစောစီးစီး ကိုင်ပေါက်မခံချင်ရင် အခေါ်အဝေါ်တွေပြောင်းလိုက်'
အံကြိတ်ပြီးပြောတော့မှ ဟီးဟီးစတာကိုစိတ်လျော့ပါတဲ့
မနက်စာစားအပြီး ဈေးသွားဖို့ပြောထားတာ လွန်ခဲ့တဲ့တစ်နာရီထဲက အခန်းထဲဝင်ပြီး ပြန်မထွက်မလာသေးတဲ့ Wuမျိုးရိုးကိုစောင့်နေတာ အစထဲကမရှည်တဲ့စိတ်တွေ ပိုပိုတိုလာတော့သည်။
'ဒုန်း ဒုန်း Wu Yi Fan ဒီနေ့အဝတ်လဲလို့ပြီးအုန်းမှာလား'
'ပြီးတော့မှာ ခနလေးပဲ'
ဆိုဖာမှာပြန်ထိုင်လိုက်တော့ အခန်းထဲကထွက်လာလေရဲ့
'Chan ကိုယ်အခုဝတ်ထားတာ ဘယ်လိုနေလဲ'
'ဟမ်'
'ဟမ် ဆိုတော့ကြည့်မကောင်းလို့ပေါ့ အဲ့ဒါဆိုပြန်လဲလိုက်မယ်'
အဲ့လိုနဲ့ပြန်ဝင်ပြီးအဝတ်ပြန်လဲ 'ဒါလဲသိပ်ကြည့်လို့မကောင်းဘူးမလား'ဆိုပြီး ပြန်ဝင်ပြီးတော့ပြန်ထွက်လာ
Jesus ဘာလို့ကျွန်တော့်အဖေအစား ကျွန်တော့်ကိုမခေါ်သွားတာလဲ ကျွန်တော့်ကိုခေါ်သွားရင် ဒီတရုတ်ကောင်ရဲ့ အခုလိုနှိပ်စက်တာတွေခံရမှာမဟုတ်ဘူး😭😭
'Wu Yi Fan အခုသွားမှာ ဈေးကိုနော် seoul fashion ပွဲသွားမှာမဟုတ်ဘူး'
'ဘယ်နေရာသွားသွား အမြဲ style ကျနေရမယ်လေ ကိုယ်နောက်တစ်စုံထက်လဲလိုက်အုန်း...'

YOU ARE READING
😑Yes,he is so annoying 😑(Unicode)
Short Story'Sorry ဒါပေမဲ့လေ စိတ်တိုနေတာလေးက ချစ်စရာလေး ဟီးဟီး' သူဘယ်လိုအေးဂျင့်ဖြစ်လာလဲတော့မသိ သူ့ရဲ့စပ်ဖြီးဖြီးမျက်နှာကြီးကို ဖြတ်ရိုက်ချင်တာတော့ လက်ကိုယားလို့