Zawgyi
မနက်ခင်းရောက်လို့ ကျနော် မျက်လုံးဖွင့်မိချိန်
ကျနော့ ချစ်သူက ကျနော့်ဘေးမှာ ကလေးလေး
တစ်ယောက်လို အပူပင်ကင်းကင်းနဲ့ အိပ်နေရှာတယ်မှန်း....ကျနော် Kyung Sooရဲ့ အိပ်ယာပေါ်မှာဘဲ
မနေ့က ကျနော် အအေးမိလို့ သူ့ကို အိမ်မပြန်ချင်ဘူးလို့ ဂျစ်တော့ သူက ကျနော့်အိမ်ကို
အကျိုးကြောင်းပြောပြီး ခွင့်တောင်းပေးရှာတယ်
ကျနော်သိတာပေါ့ ကျနော်ကိုယ်တိုင်သာပြောရင် Ommaကခွင့်ပြုမှာပေမယ့်
Appaကတော့ ကျနော့်အပေါ် ကြပ်ပေလိမ့်မည်အဲ့တော့ သူကအစားပြောပေးမှ သူစိမ်းမို့
Appaက ဘာမှမမေးပဲ ခွင့်ပြုပါလိမ့်မယ်
Appaက ကျနော့်အကြောင်းသိနေတာဘဲလေ
ကျနော်က ဘယ်လို လူမျိုးတွေအပေါင်းအသင်းလုပ်တယ်ဆိုတာတစ်ခုရှိတာပေါ့ Appaက လူတစ်ယောက်ကို အကဲခတ်မယ်ဆို သူ့စကားပြောဟန်ကိုကြည့်ပြီးယုံသင့် မယုံသင့်စဉ်းစားတယ်
အပြင်မှာ face to faceဆိုရင်တော့ မျက်လုံးတွေ ကြည့်တယ်
လူတွေကို အရမ်းမယုံလွယ်ဘူး သံသယထားပြီး
အမြဲကြည့်တယ် ဒါကလည်း ကျနော်က သူ့သား မို့ သိတာပါ အဲ့လိုအကြောင်းအရားတွေကို တော်ရုံလူ အကဲမခတ်နိုင်ဘူးအဲ့လိုဘဲ ကျနော်လည်း အဲ့ စိတ် Appaဆီကအမွေရထားတယ်လေ
ဘယ်သူမှသတိထားမိမှာမဟုတ်ပါဘူး
ကျနော့်ရဲ့ တစ်ဦးတည်းသော ချစ်သူလေး KyungSooတောင် မသိလောက်ဘူး
ကျနော်က ဟန်ဆောင်ကောင်းတယ်လေ .......
အဲ့တာကြောင့်ဘဲ ချစ်သူစဖြစ်တုန်းက အဲ့ စိတ်ကြောင့်ဘဲ သူ့အပေါ် ကိုယ့်ကို တကယ်ချစ်ရဲ့လားဆိုတဲ့ သံသယတွေ ကြောင့် ဖုန်းခနခနဆက်မိ ပြသနာတက်
တော်သေးတာပေါ့ သူမရိပ်မိသွားလို့ မဟုတ်
ရင် ကျနော်မတွေးရဲတော့.......ကျစ် ကျနော်...ကျနော့်စိတ်ကိုအရမ်းမုန်းမိသည် ကိုယ်အရမ်းချစ်ရတဲ့သူအပေါ်တောင် ယုံယုံကြည်ကြည်နေခွင့်မရှိလို့
အခုတော့ ကျနော်ကြိုးစားနေတယ် သူ့အပေါ်တော့ ယုံကြည်သင့်တယ်လို့ ...တွေးမိတယ်
စဉ်းစားကြည့်ရင် ကျနော့်ချစ်သူစိတ်က ဘယ်နေရာမှ သံသယထားစရာမရှိလောက်အောင် ဖြူစင်တာ ကျနော်အသိဆုံး ဒါတောင် ၀င်မိတဲ့
ကိုယ့်ကိုယ်ကို စိတ်တိုမိတယ်
YOU ARE READING
Infinity[Completed](Z+U)
FanfictionChansoo. Ficလေးပါ Rommanceလေးပေါ့???? Edit ver: ChanDiဆိုလို့ :3