နေ့လယ်ပိုင်း BioChemistry ဘာသာရပ်စာသင်ချိန်
ပြီးတော့ နောက်တစ်ချိန်သည်
ဆရာထွန်းကိုကို၏ Anatomy ဘာသာရပ်သင်ကြားရမည့်အချိန်ဖြစ်၏။ သို့သော်
စာသင်ခန်းထဲသို့ အသက်ကြီးကြီး ခန့်ခန့်ထည်ထည် လူကြီးတစ်ယောက် ဝင်လာသောအခါ ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားကြကာ ကျောင်းသားများထနှုတ်ဆက်လိုက်ရမလား ထိုင်ပဲနေရမလား ချိတုံချတုံဖြစ်သွားကြလေသည်။ ဆေးတက္ကသိုလ်၏ ပါချုပ်ကြီးကို သိသူကသိကြပြီး တချို့ကမူမသိကြ။အမှန်တော့ ဆရာထွန်းကိုကို၏ စာသင်ချိန်ကို ခွင့်တောင်းပြီး ပါချုပ်ကြီးက ဒုတိယနှစ်သို့ အောင်မြင်စွာ တက်ရောက်လာသော ကျောင်းသားများကို ချီးကျူးဂုဏ်ပြုစကား ခဏလာရောက်ပြောခြင်းဖြစ်၏။ ပါချုပ်ကြီးက သူ့ကိုယ်သူ အမည်နှင့်တကွ ဘယ်သူဖြစ်ကြောင်း မိတ်ဆက်တော့မှပဲ အားလုံးပျာပျာသလဲ ထနှုတ်ဆက်လိုက်မိကြသည်။
ပါချုပ်ကြီးသည် ဒုတိယနှစ်ကျောင်းသားများကို နွေးထွေးချိုသာသော ပီတိအပြုံးဖြင့် ကြည့်ရင်း ယခုစာသင်နှစ်ကို ပထမနှစ်တုန်းကလို
ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းရင်း
တတိယနှစ်သို့ တက်ရောက်ခွင့်ရစေရန် စာကို အပတ်တကုပ်ကြိုးစားကြဖို့ စေတနာဖြင့် တိုက်တွန်းနေသည်။ နောက် နိဂုံးချုပ်ခါနီးမှာတော့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအကြောင်းပြောသဖြင့် ကျောင်းသားများ၏ မျက်လုံးကလေးများ လက်ခနဲတောက်ပသွားကြသည်။
စီနီယာကျောင်းသားများက ဂျူနီယာကျောင်းသားများကို ခမ်းခမ်းနားနားကြိုဆိုသောပွဲသည် တက္ကသိုလ်တိုင်းတွင်ရှိသော ချစ်စရာကောင်းသည့် အစဉ်အလာတစ်ခုဖြစ်ပြီး စိုင်း တောင်ကြီးဆေးတက္ကသိုလ်မှာတုန်းက ပျော်ရွှင်ကြည်နူးစွာ ကြုံခဲ့ဖူးသည်။“ အဲဒီ ပွဲမှာ ရန်မဖြစ်ကြပါနဲ့။ ကိုယ့် တက္ကသိုလ်က ကိုယ့် ရဲ့ အိမ်ပဲ။ ကိုယ့်ရဲ့ အိမ်ကိုတော့ သိက္ခာ မချ မိအောင် ကြိုးစားကြပါ။ တစ်နိုင်ငံလုံးမှာ အမှတ်များမှ ဝင်လာရတဲ့တက္ကသိုလ်ဖြစ်တဲ့ အတွက် စာတော်ပြီး လိမ္မာကြမယ့် ကလေးတွေ ဖြစ်မယ်လို့ ဆရာ ယုံကြည်တယ်။ ကဲ ပွဲကိစ္စအစီအစဉ်တွေနဲ့ပက်သက်ပြီး မင်းတို့ရဲ့ စီနီယာတွေက ဆက်ပြီး မင်းတို့ကိုပြောပါလိမ့်မယ် ”
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student