Chapter (9)

196 23 3
                                    

ကျောင်းတက်တာ ၁လနီးပါးရှိပြီ ဖြစ်သဖြင့် Jaehwan လဲ တစ်ခန်းလုံးနှင့်ရင်းနှီးနေပြီ။
ထို့အတူ..
Minhyun နှင့်လည်း ပိုမိုရင်းနှီးလာခဲ့သည်။

သို့သော် သူတစ်ယောက်တည်းမဟုတ်...

ကျောင်းဖျော်ဖြေပွဲအတွက် သူတို့ ၃ယောက် စု လေ့ကျင့်ကြတဲ့အချိန်တိုင်း Da Young က  Minhyun နဲ့ ပိုမိုရင်းနှီးချင်ပုံရသည်။

Dayoung က Minhyun ဆိုအမြဲ အရိပ်တကြည့်ကြည့်....
Minhyun ရေဆာလိုက်တာ လို့ပြောရင် ရေအဆင်သင့်...
ဗိုက်ဆာတယ်ကွာ လို့ပြောရင် မုန့်အဆင်သင့်..

Jaehwan ကတော့ ဖာသိဖာသာ ပင်..
စိတ်ထဲမှာတော့ ၂ယောက်လုံးကိုမျက်စိဆံပင်မွှေးစူးနေပြီ။
၂ယောက်လုံးထက် Da Young ကိုပိုကြည့်မရသလိုလို....

အခုလဲ ကြည့်.... စားပွဲခုံ တစ်လုံးမှာ နေရာအများကြီးရှိပါလျက်နဲ့ Minhyun ဘေးမှာသွားထိုင်နေသည်။

JaeHwan ကတော့ Minhyun နဲ့ မျက်နှာချင်းဆိုင်မှာထိုင်ပြီး DaYoung ကိုမျက်လုံးလှန်ကြည့်လိုက် ...သီချင်းပြန်ကျက်လိုက်လုပ်နေသည်။

"Minhyun ah..ငါတို့ ဒီတိုင်းမဆိုဘဲ အက ဖြစ်ဖြစ် ထည့်ရင်ရော.. " DY က MH ကိုကြည့်ကာ ပြုံးပြုံးလေးပြောလိုက်သည်။

"အင်း..ငါလဲ အဲ့တာပြောမလို့ပဲ..ဒီတိုင်းဆိုရင် ပျင်းဖို့ကောင်းတယ် အခုဟာက မဲလဲ ပေးမယ်ဆိုတော့ "
Jaehwan ဝင်ထောက်ခံလိုက်သည်။ သူကျိန်ဆို ကျိန်ရဲပါသည်။ ဒါပထမဆုံး DY ၏ စကားကို ထောက်ခံဖူးခြင်းပင်။

"မင်းတို့တွေကတတ်လို့လား" Minhyun ကမေးလိုက်သည်။

" ကတတ်တာပေါ့ " DY နဲ့ JH နှစ်ယောက်လုံးပြိုင်တူဖြေမိလိုက်ပြန်သည်။

"ငါတို့ရွေးထားတာက Sunmi ရဲ့ Gashina နော် ..ကမယ်ဆိုရင် သူ့လို ကလို့တော့ဖြစ်တယ်.. နင်သာ Sunmi  လိုကတတ်ရင်ပေါ့ " MH  ကပြောလိုက်သည်။

ဘာလို့မှန်းမသိ MH ၏ ထိုလေသံကို JH သဘောကျ၍ မပြုံးဘဲ မနေလိုက်နိုင်။

"ဘာလို့လဲ" DY ကမျက်မှောင်ကြုံ့ကာ JH  ကိုမေးလိုက်သည်။

" ဘာမှမဟုတ်ဘူး..ဒါဆိုလဲ ဘယ်နေ့အကကျင့်မလဲ "

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now