" စိုင်း "
မနက်ခင်း ကန်တင်းမှာ ထိုင်နေကြတုန်း သူတို့နှစ်ယောက်၏စားပွဲသို့ Joy ရောက်လာပြီး ပြောပြောဆိုဆိုဖြင့် စိုင်း၏ဘေး လွတ်နေသောခုံမှာ ဝင်ထိုင်လိုက်၏။
Joy က နေ့လယ်ပိုင်းအတန်းနားချိန်များတွင် သူ့သူငယ်ချင်းများနှင့်သွားမထိုင်ဘဲ အခုလို စိုင်းတို့စားပွဲသို့မကြာခဏရောက်ရောက်လာတတ်ပါသည်။
အရင်က လူအများရှေ့မှာ အကြီးအကျယ် ရန်သတ်ထားခဲ့ကြသော သူတို့နှစ်ယောက် ရုတ်တရက် တည့်သွားကြပြီးနောက် ရင်းနှီးမှုမြန်ဆန်စွာ တိုးတက်လာသည်မှာဘေးလူကကြည့်လျှင် အံ့ဩစရာကောင်းနေမှာအသေအချာပင်။" မကြာခင် အစ်ကိုတို့ senior တွေ Welcome အတွက်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရတော့မယ် "
" အစ်ကို Welcome ကို ညမှာ
လုပ်မယ်ဆိုတာ သေချာပြီပေါ့ " ကျော်ဇောကမေး၏။" အေး ... ဒီနှစ်တော့ ထူးထူးခြားခြား
လေးဖြစ်တာပေါ့။ ညဆိုတော့ စလိုက်မီးရောင်စုံတွေနဲ့ King, Queen လျှောက်မဲ့ Stage ကလည်း လှနေမှာ "" အဲနေ့ကြ ရုပ်ရှင်တွေထဲကလို
ပျော်စရာကြီးနေမှာပဲနော် "ကျော်ဇောကတော့ စိတ်ကူးကြည့်ရင်း အခုကတည်းက ပျော်ရွှင်မှု အငွေ့အသက်များကို ခံစားလို့ရနေပြီ။
" ဒါပေါ့ကွာ "
" မကြာခင် မန္တလေးဆေးတက္ကသိုလ်ရဲ့ ကိုယ်စားပြု The Whole King, Queen လျှောက်ဖို့အတွက် Second MB အတန်းကိုစီနီယာတွေဒီနေ့လာရွေးကြလိမ့်မယ်။ အဲတာ အစ်ကိုကတော့ စိုင်းကို မျက်စိကျနေတယ် "
သူ့စကားအဆုံးမှာတော့ ဖျော်ရည်ကို ပိုက်နှင့်စုပ်သောက်ရင်း ငြိမ်သက်နေသော စိုင်းတစ်ယောက် မျက်လုံးပြူးမျက်စံပြူးဖြစ်သွားပါသည်။
" ဗျာ ... ဗျာ အစ်ကို။ ဆေးထိုးနေတာလား "
သူ ဆေးထိုးခြင်းမဟုတ်ပါ။ အမှန်တကယ်ပင် ပြောနေခြင်းဖြစ်၏။ စိုင်းလိုကောင်လေးမျိုးသာ ရွေးချယ်ခံရမည့်သူတွေထဲမပါလျှင် ဘယ်သူတွေပါရမည်လဲ။
" ဘယ်ကသာကွာ ...မင်းဒီလောက် ချောပြီးချစ်စရာကောင်းတာ။ King လျှောက်တဲ့အထဲမပါရင် ဆေးတက္ကသိုလ်ကြီးအတွက် နစ်နာစရာကြီးဖြစ်ကုန်လိမ့်မယ် "
YOU ARE READING
Dear Doctor Handsome [ Unicode + ZawGyi ]
Teen FictionDoctor Handsome & Medical Student