Chapter (10)

215 25 5
                                    

ကျောင်းကနေ အဆောင်ကို ကားနဲ့လိုက်ပို့ပြီးနောက်~~

"ကျေးဇူးတင်ပါတယ် ဆရာ"

" ရပါတယ်ကွာ...Jaehwan  သေချာဂရုစိုက်နော်...နောက်တစ်ခါထပ်ဖြစ်ရင် မလွယ်ဘူး "

"ဟုတ်ကဲ့ ဆရာ "

"ကဲ ဒါဆို ဆရာသွားပြီနော် "
~~

" ဟင်း...ဓာတ်လှေကားက ဟိုဘက်မှာ " JH ညီးကာပြောလိုက်သည်။

" ကုန်းပိုးပေးမယ်လေ တက် " Minhyun ပြောလဲပြော ထိုင်လဲ ထိုင်ပြီးသားဖြစ်နေပြီ။

" နေပါ...ကျနော့် ကိုယ်ကအလေးကြီးပဲ ..ဒီလောက်တော့သွားနိုင်ပါတယ် "
ချိုင်းထောက်ကို ထောက်ရင်း ပြောလိုက်သည်။

MH လဲ ပြောမရမှာမှန်း သိ၍ ဘာမှမပြောတော့ဘဲ လဲကျလျှင်သာ ဘေးက ကူပေးရန် အနားက လိုက်လာခဲ့သည်။

ချိုင်းထောက်လေး ထော့နဲ့ထော့နဲ့ဖြင့် အခန်းထဲ ဝင်လာသော JH ကို MH မကြည့်ရက်။

စိတ်ထဲမှာ သူ့ကြောင့် ဟုသာတွေးနေမိသည်။

JH ကုတင်ပေါ်ထိုင်ချလိုက်သည်။

တကယ်တော့ သူလုံးဝအဆင်မပြေ..ခြေထောက်က သေမတတ်နာနေသည်။ ခေါင်းကလဲ မူးချင်ချင်။ သူနေမကောင်းဖြစ်တော့မည်ဟု ထင်နေခဲ့သည်။

အခုလဲ ရေချိုးချင်ပါလျက် ခြေထောက်မ မရ၍ ရေမချိုးနိုင်။
မချိုးလို့ကလဲ မရ။ Minhyun က ရေမချိုးတဲ့သူနားမှ မနေတတ်ဘူးလေ။ ဒီစိတ်ကြီးကြောင့် သူပါတစ်ခုခုဖြစ်သွားလိမ့်မည်။

ထိုအချိန်MHရေချိုးခန်းထဲက ထွက်လာပြီး...

" jjaeni မင်းအိပ်တော့.. ..စောစောအိပ်..ဖျားမှာစိုးလို့..ငါတော့ ရေချိုးလိုက်ဦးမယ် " သူပြောရင်း အင်္ကျီချွတ်လိုက်ကာ ရေချိုးခန်းထဲဝင်သွားသည်။

"Wow 。。body ကတော့ ဖြောင့်သားပဲ" JH စိတ်ထဲမှတွေးရင်း သူ့ One pack ဗိုက်လေးကိုကြည့်ကာပြောလိုက်သည်။

သူရေမချိုးနိုင်ပေမယ့် အဝတ်အစားတော့လဲမှရမည်။ လွတ်လွတ်လပ်လပ် ဖြစ်မည့် အဝတ်အစားတွေလဲမှဖြစ်မည်။

သို့သော်..အဝတ်အိတ်က တစ်ဖက်မှာ
သူကုတင်ပေါ်က ဆင်းယူဖို့လဲ မဖြစ်နိုင်။

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now