Chapter ( 13 ) *

47.7K 3.7K 101
                                    

တနင်္လာနေ့ တစ်မနက်ခင်းလုံး ထွန်းကိုကို ဘာကြောင့်မှန်းမသိ အကြောင်းပြချက်မရှိဘဲ စိတ်တွေလေးပင်နေ၏။
အဲဒီလိုအခြေအနေမျိုးဖြစ်ပေါ်လာပြီဆိုလျှင် သူနှင့်ရင်းနှီးကျွမ်းဝင်သော သူတစ်ယောက်ယောက် ဒုက္ခရောက်နေလို့ဟု ထွန်းကိုကို၏ စိတ်က တထစ်ချ ယုံကြည်နေလျက်ရှိသည်။

သူ ဖျတ်ခနဲ စိုင်းမင်းခန့်ကို သတိရသွားပါသည်။ သူ့စကားကိုနားထောင်လျက် မနက်
စောစောထ၍ စာကျက်လေ့ရှိသော စိုင်းသည် ယနေ့မနက်မှာတော့ ဆိုဖာခုံပေါ်မှာ စောင်တစ်ထည်ကိုခေါင်းမြီးခြုံလျက်ခွေခွေကလေးအိပ်ပျော်နေခဲ့သည်။ ပထမတော့ သူ နှိုးမလို့ပါပဲ။ ဒါပေမဲ့ ဒီနေ့တစ်ရက်လောက်တော့ အိပ်ပါစေဟူသော သနားညှာတာစိတ်ဖြင့်မနှိုးဘဲ ထားရစ်ခဲ့သည်။ အခုလောက်ဆိုရင် စာသင်ခန်းထဲတောင်ရောက်နေလောက်ပြီထင်ပါရဲ့။

မင်းက ဘာကိုစိတ်ပူနေတာလဲ ထွန်းကိုကို။ ဘာစိတ်ပူစရာရှိလို့လဲ။ ကိုယ့် စိတ်ထဲမှာ ထင့်ခနဲ ဖြစ်တာနဲ့ တစ်စုံတစ်ယောက်တော့ တစ်ခုခုဖြစ်ပြီဟု
အဆက်အစပ်မရှိ တထစ်ချယုံကြည်နေခြင်းသည် ဆက်လက်မွေးမြူထားမိပါက ကြာလာလျှင် ရလဒ် မကောင်းနိုင်ပေ။ သူ မျက်စိမှိတ်လျက် တရားမှတ်ကာ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။ နာရီဝက်လောက်ကြာသောအခါ  အနည်းငယ် စိတ်သက်သာရာရသလိုခံစားလိုက်ရပါသည်။

သို့သော် ထိုကြည်လင်သောစိတ်လေးသည် ကြာကြာမခံပေ။ နေ့လယ်ခင်း စာသင်ခန်းထဲသို့ ဝင်ဝင်လိုက်ချင်း အခန်းထဲ၌ စိုင်းမင်းခန့်ကိုမတွေ့ရသဖြင့် ဗြုန်းခနဲ သူ့စိတ်တွေ လေးလံနောက်ကျိသွားပါတော့သည်။ ဒီကလေး ဒီအချိန်ထိ အိပ်နေတာတော့ မဖြစ်နိုင်တော့ဘူး။
တစ်ခုခုများဖြစ်လို့ အတန်းမတက်တာလား။
မနက်တုန်းက မလှုပ်မယှက်နဲ့ ခွေခွေလေး
အိပ်နေတာဟာ ဖျားနေတာများလား။ လေများဖြန်းသွားတာလား။ မဖြစ်သေးပါဘူး အခုပဲ
အခန်းကို ပြန်လိုက်ရမလား။ ဒါပေမဲ့ အတန်းထဲဝင်ပြီးသားဖြစ်နေခဲ့ပြီ။ ကိုယ် ရေးကိုယ်တာနဲ့ အလုပ် မရောထွေးသင့်ဘူးမဟုတ်လား။
အဲ ... နေပါဦး ဘယ်အချိန်က စိုင်းမင်းခန့် နဲ့
ပက်သက်တာကို ကိုယ့် ရဲ့ ကိုယ်ရေးကိုယ်တာလို့
သတ်မှတ်လိုက်တာပါလိမ့်။
စိုင်းမင်းခန့် ဆိုတာ ငါ့တပည့်ပဲ ။
ကိုယ့် တပည့် ကို စောင့်ရှောက်ရမှာ ဆရာ
တစ်ယောက်ရဲ့ တာဝန်ပဲ ။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now