ကတိတစ်ခု

12.6K 543 15
                                    


"ကျေးဇူးပြုပြီး ကျွန်မကလေးကို ချမ်းသာပေးပါ.
ကျွန်မဘာမဆိုလုပ်ပါ့မယ် ကလေးကိုချမ်းသာပေးပါ မိဘုရားကြီး"
လှပသော အမျိုးသမီးသည် သူမရှေ့မှောက်ရှိ မိန်းမကိုတောင်းပန်နေသည်။

တောင်းပန်နေတဲ့ အမျိုးသမီးဟာ ချစ်ခင်မှုမရတော့တဲ့ ကိုယ်လုပ်တော်ဖြစ်ပြီး သူမရှေ့မှာရပ်နေတဲ့ သူသည် မိဘုရားကြီးဖြစ်သည်။

"ငါမင်းရဲ့ကလေးကိုချမ်းသာပေးလိုက်ရင် ငါအအေးနန်းဆောင်ကိုအပို့ခံရလိမ့်မယ်
ငါက မိဘုရားခေါင်ကြီးပါ ဒါပေမဲ့ မင်းကြောင့် မင်းကြီးက ငါ့ဆီကိုမလာတော့သလို ငါ့အခန်းကိုလည်းဘယ်တော့မှလာမလည်တော့ဘူး ၊ငါဒီကလေးကို အသက်ရှင်ခွင့်ပေးလိုက်မယ်ဆိုရင် ပြီးတော့ သူကမင်းလိုပဲ လှပနေရင် ငါ့သမီးတွေကိုမင်းကြီးက ချစ်ခင်မှာမဟုတ်ဘူး
မင်းကြီးအတွက် သားတော်လေးမွေးပေးတဲ့ ကြင်ရာတော်ကို ငါရှုံးပြီးပြီ၊ မင်းရဲ့သမီးတော်က ငါ့သမီးတော်တွေထက် ပိုလှနေရင် သူမဟာ ငါ့သမီးတော်ပဲဖြစ်လာရမယ်"
မိဘုရားကြီးကဒေါသနဲ့ပြောတယ်။

သူမဟာကိုယ်လုပ်တော်ကိုမောင်းထုတ်ပေမဲ့ ကိုယ်လုပ်တော်ဟာ ဝပ်တွားတောင်းပန်နေတုန်းပဲ

ကိုယ်လုပ်တော်က "ကျေးဇူးပြီး သမီးတော်လေးကိုပြန်ပေးပါ၊ သူမကိုမျက်နှာဖုံးတပ်ခိုင်းပြီး သူမရုပ်ဆိုးတယ်လို့ ကောလဟာလတွေလွှင့်ပါ့မယ်၊ ကျွန်မလည်း မင်းကြီးဆီက အချစ်မခံရတဲ့နောက် အအေးနန်းဆောင်ကို သွားရတော့မှာပါ၊ သမီးတော်လေးကိုမသတ်ပါနဲ့ ကျေးဇူးပြုပြီး....... သူမကအခုမှ တစ်လပဲရှိသေးတာပါ....."
သူမက မိဘုရားကြီး စကတ်ကိုကိုင်ပြီး ငိုယိုရင်းတောင်းပန်နေတယ်

မိဘုရားကြီးက
"ကောင်းပြီလေ မင်းစကားမင်းတည်ပါစေ။ သူမဟာ သူမရဲ့မျက်နှာဖုံးကိုချွတ်ခဲ့ရင် သူမတစ်ဘဝလုံးသေဆုံးသွားရမဲ့ မတေိာတဆမှုတစ်ခကို သူမမျက်နှာမှာလုပ်ပေးမယ် "ခြိမ်းခြောက်တယ်

သူမဟာကိုယ်လုပ်တော်ရဲ့ အခန်းထဲကထွက်ခွာတယ် သူမရဲ့အပျိုတော်က သူမနောက်လိုက်သွားတယ်။ကိုယ်လုပ်တော်ဟာ ကုတင်ပေါ်က ငိုနေတဲ့ သူမသမီးတော်လေးကို ပွေ့ထားရင်း "အဆင်ပြေသွားပါပြီ အမေမင်းကိုကာကွယ်ပေးမယ်"

ကိုယ်ရံတော် မိဘုရား [Second Princess vs King Of The East]Où les histoires vivent. Découvrez maintenant