အိမ်ရှေ့ကကားစက်ရပ်သံကြားလိုက်သည်နှင့်တစ်ပြိုင်နက် အိမ်အကြီးကြီးရဲ့ဘေးက အလုပ်သမားတန်းလျားထဲကနေ ပြေးထွက်လာ
တဲ့သူ...." Jonginnaပြန်လာပြီလား
ထမင်းစားပြီးပြီလား.....?
မစားရသေးရင်တူတူစားရအောင်
Hyung အချစ်ကိုထမင်းစားစောင့်နေတာ....
ဒီနေ့လေ Hyung အလုပ်ကစောစော
ပြန်လာပြီးတော့ အချစ်ကြိုက်တဲ့ ဟင်းလေးတွေချည်းဘဲချက်ပေးထားတာ "ကိုယ့်ကိုယ်တစ်ချက်ကလေးတောင်ပြန်လှည့်မကြည့်လေသူကိုနောက်ကတကောက်ကောက်
လိုက်ရင်းမေးနေပေမယ့်....ရရှိလိုက်တာက ဥပေက္ခာတရား
Jonginရယ် Hyungဘာမှားခဲ့လို့လဲ....
ကိုယ်ချစ်တဲ့သူကို သူများတကာနောက်ပါသွားမှာစိုးလို့
ပိုင်ဆိုင်သိမ်းဆည်းထားချင်လို့
မရရင် ရတဲ့နည်းနဲ့ မင်းဘဝလေးကို
သိမ်းယူမိခဲ့တာလေးပါ....ဒါကိုအချစ်က အချစ်ဘဝ၊ အိမ်မက်တွေကို ဖျက်ဆီးလေသူလို့မှတ်လိုက်တာလား.....
သေဒဏ်ကျခံသင့်ပေမဲ့ ရှေ့နေအလျှောက်
ကောင်းလို့ လွတ်သွားတဲ့ အပြစ်သားကို ရွံရှာစွာ
ဆက်ဆံသလို ကိုယ့်ကိုအချစ်ကဆက်ဆံနေ
တာ....ဒါပေမယ့် ဒါက အချစ်ပေးတဲ့အပြစ်မို့လို့ကိုယ်ကျေကျေနပ်နပ်ကြီး ပေးဆပ်နေတာနော်....
အဲ့ဒါကိုအချစ်သိထားပေးပါဒုတ်!!!!အာ.....တကယ်ပါဘဲ
အတွေးများပြီးတော့ တံခါးပိတ်ရင်း လက်ကညှပ်မိသွားသေး.....ဘယ်ဘက်လက်မလေးကိုကြည့်မိတော့ နီရဲပြီးချက်ချင်းကို
ယောင်ချင်လာတယ်အဲ့ဒါဘဲ ကျွန်တော်ဆိုတဲ့ Doh Kyung Sooက
အချစ်အကြောင်းတွေးမိတယ်ဆိုယုံနဲ့တင်
သီးသန့်ကမ္ဘာကိုရောက်ရှိသွားသလိုမျိုး" ဟိုလူကြီး လူယုတ်မာကြီး Doh Kyung Soo
အိမ်ထဲဝင်မလာသေးဘူးလား.....
လူမြင်ကောင်းအောင် အဲ့နေရာမှာဘဲရပ်မနေနဲ့
ထမင်းခူးမယ်ဆိုလဲမြန်မြန်လာခူးတော့
ဒီမှာ ဗိုက်ဆာနေပြီ..."တွေ့လား......အိမ်ထဲကနေလှမ်းအော်နေပြန်ပြီ
ပတ်ဝန်းကျင်က လူတွေကြားရင်တော့ အချစ်ရဲ့
သိက္ခာတွေကျတော့မယ်....မဖြစ်ဘူး....အိမ်ထဲရောက်မှပြောရမယ်.....ခြံတံခါးကိုမြန်မြန်ပိတ်ပြီးတော့ အိမ်ထဲဝင်လာလိုက်တယ်....ဟင်းလေးတွေကခုဏလေးတင်ချက်ထားတာဆိုတော့နွေးနွေးလေးရယ်
သပ်သပ်ရပ်ရပ်ခူးခပ်ပြီးတော့ အချစ်ကိုခေါ်ပြီး
ထမင်းလက်ဆုံစားဖို့တူလေးကိုအသင့်ကိုင်ပြီး
သတိပေးသင့်တဲ့စကားတစ်ခုကိုပြောမိ၏။" အချစ်နောက်နေ့တွေကျရင် အိမ်ထဲကနေအဲ့လို
အော်မနေနဲ့Hyungမကြိုက်ဘူး " (အချစ်ကိုသူများတွေအထင်သေးမှာစိုးလို့ပါ)"ဘာ....hak....ခင်ဗျားလိုလူက ကျွန်တော့်ကို အမိန့်ပေးရဲသေးတယ်နော်.....အရှက်ကမရှိ....
အေးပေါ့လေ ကျွန်တော့်လိုလူကိုတောင် ကျွန်တော့်မိဘတွေဆီမှာ ငွေတွေပုံပေး....
ကျွန်တော့်ချစ်သူ Raheeကိုနိုင်ငံခြားရောက်
အောင်ခင်ဗျားပို့ပြီးတော့ ကျွန်တော်ကိုမဖြစ်ရင်
ဖြစ်တဲ့နည်းနဲ့ သိမ်းပိုက်ထားတဲ့ ခင်ဗျားက
ဘယ်နားကအရှက်တရားဆိုတာရှိမှာလဲ.....ဟွန့်.......ပြောလေ ထပ်ပြောကြည့်....
ထမင်းလေးတစ်ခါတစ်လေစိတ်ကြည့်နေလို့
အတူစားပေးတာကို ကမ်းတက်နေတယ် "ဝုန်း......
သွားပြီ.....ကျွန်တော် အချိန်ပိုင်းအလုပ်ကရလာ
တဲ့ လစာလေးနဲ့ အချစ်ကိုစားစေချင်လို့
ဆိုင်ရှင်ရဲ့အဆူခံပြီး စောစောပြန်လာပြီးချက်
ပေးထားတဲ့ ထမင်းစားပွဲဝိုင်းပေါ်က ထမင်းပန်းကန် ဟင်းပန်းကန်လေးများသည်
ပြောင်လက်နေသော ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲ
လျက်.....ပြောချင်တာပြော လုပ်ချင်တာလုပ်ပြီး ကျောခိုင်းသွားသော Jong Inရဲ့ မျက်နှာပေါ်က
ကျေနပ်ပြုံးလေးကိုတော့ အချစ်ရဲ့အပြစ်သား
ကျွန်တော်ကတွေ့ဖြစ်အောင်တွေ့လိုက်သေးသည်........" အချစ်ရယ်....ငါ့နေရာမှာမင်းချစ်သူRaheeဆို
ရင်မင်းဒီလိုဆက်ဆံမှာလား...."ပြန့်ကျဲနေတာတွေကို မျက်ရည်လည်ရွဲနဲ့ ကောက်သိမ်းနေသူကောင်လေးတစ်ယောက်
TBC