Grief

3.2K 250 22
                                    

(၁)

ငါဟာ နတ်ဘုရားတစ်ပါး ဖြစ်တယ် Hyacinth……

ဒါပေမဲ့ ကိုယ်ချစ်တဲ့သူကို မကယ်တင်နိုင်ခဲ့တဲ့ နတ်ဘုရားတစ်ပါး…

ငါ့နာမည်က Apollo… ငါ့က Olympia တောင်ထိပ်မှာ မွေးဖွားခွင့်မရဘဲ မြေကမ္ဘာမှာ မွေးဖွားခဲ့ရတဲ့ နတ်ဘုရားတစ်ပါး…

ငါ Olympia ရဲ့အထွဋ်အမြတ်နေရာကို ရဖို့ကို ငါ စိတ်မဝင်စားခဲ့ဘူး ငါစိတ်ဝင်စားခဲ့တာက ကမ္ဘာမြေက ငါတို့ကို ကိုးကွယ်တဲ့လူတွေ…

ငါဟာ မြေကမ္ဘာမှာ ခြေဆန့်လျှောက်သွားနေဖြစ်ခဲ့တယ်…

ငါ့မှာ အတတ်ပညာမျိုးစုံရှိခဲ့တယ် ငါဟာ တေးဂီတနဲ့ တူရိယာကို စတင်ဖန်တီးခဲ့တဲ့ နတ်ဘုရားလည်း ဖြစ်တယ်…

လူတွေက ဂီတကိုဖန်တီးတဲ့အခါမှာ ငါ သူတို့ကို နှစ်သက်တယ်…

ဂီတဆိုတာက ဘယ်စိတ်ဝိဥာဉ်မျိုးကိုမဆို ငြိမ်ဝပ်စေတဲ့ အရာတစ်ခုပဲ…

လူတွေက ငါတို့ကို ကိုးကွယ်ကြတယ် လူတွေက ငါတို့အတွက် ဝပ်ပြုကျောင်းတွေဆောက်လုပ်ပေးကြတယ်… အဲ့ဒီဝပ်ပြုကျောင်းတွေမှာ ငါတို့ရဲ့ ရုပ်တုတွေရှိတယ်…

ရယ်တော့ရယ်ရသား Hyacinth… သူတို့က မြင်တောင်မမြင်ဖူးဘဲနဲ့ ငါတို့ပုံတူကို ဘယ်လိုထုကြလဲ?

(၂)

ငါမင်းနဲ့တွေ့တဲ့ အချိန်တွေကို မှတ်မိနေသေးတယ်…

မင်းက မင်းရဲ့သိုးတစ်အုပ်ကိုထိန်းရင်း သာယာတဲ့ တေးသွားတစ်ခုကို တီးမှုတ်နေခဲ့တယ်…

နေရောင်ပျပျပဲတိုးပေါက်နိုင်တဲ့ နေရာတစ်ခုမှာ မင်းက သူတို့ကို အစာစားစေရင်း မင်းလက်ထဲက တူရိယာနဲ့ အသာယာဆုံး သံစဉ်တစ်ခုကို တီးမှုတ်နေခဲ့တယ်…

မင်းရဲ့သံစဉ်က ငါ့ကိုမင်းအနားကို ခေါ်ဆောင်ခဲ့တာပဲ…

မင်းက ငါတို့နတ်ဘုရားတွေ လုယူရလောက်အောင် လှပတဲ့ လူသားတစ်ယောက်မဟုတ်ဘူး…

ဒါပေမဲ့… ငါမင်းကို မြင်မြင်ချင်းတော့ သဘောကျခဲ့မိတယ်…

"မင်းနာမည်က ဘယ်သူလဲ…"

ငါ မင်းကိုမေးလိုက်တဲ့အချိန်မှာ ငါ့ကို မျက်လုံးအဝိုင်းသားနဲ့ကြည့်နေတဲ့ မင်း အထစ်ထစ်အငေါ့ငေါ့နေဖြေလာခဲ့တယ်…

HyacinthWhere stories live. Discover now