"သတိရလို့လာတာပေါ့.... နော် Jaehwan လေး" jiwoo က တံခါးကိုပိတ်ပြီး JH ကုတင်ဘေးမှာဝင်ထိုင်လိုက်သည်။
Minhyun ထရပ်လိုက်ပြီး...
" Jiwoo မင်းအိမ်မပြန်ဘူးလား.....နောက်ကျနေမှာပေါ့..အိမ်ပြန်ရမယ့်အချိန်လေ" နေ့လည်နေ့ခင်းကြီးကို ငမျောက်ငခြောက်တွေပြောနေမိပြန်သည်။" အခုမှ လာတဲ့သူကို ဘာလို့ ချက်ချင်းပြန်ခိုင်းနေတာလဲ MH ရ... JH ခေါ်ထားလို့လာတာပါကွ "
Jiwoo က အိတ်ထဲက စာအုပ်ထုတ်ရင်း ပြန်ဖြေလိုက်သည်။MH ပြန်ထိုင်ချလိုက်ပြီး စောစောက စားထားတဲ့ အမှိုက်တွေကိုရှင်းနေသည်။
ဘာဂါ တစ်လုံးက မစားရသေး...
အအေးကလဲ ၂ဘူးကျန်သေးသည်။" အင်း...ကျေးဇုးပဲ JIWOO ရေ စာတွေကူးပေးထားလို့ ...ရော့..သောက်ဦးမလား " JH ကသူသောက်လက်စ ပိုက်တန်းလန်းနဲ့ ဒိန်ချဉ်ဘူးကို jiwooအား လှမ်းပေးလိုက်သည်။
MH ဒေါသထွက်သွားပြီး " ငါပြန်တော့မယ် " ဟုဆိုကာ အနွေးထည် ဆွဲယူပြီး ထွက်သွားလိုက်သည်။
JH ဘာမှပြန်ပြောချိန်တောင်မရလိုက်။
" ဘာဖြစ်သွားတာလဲ ဟ " Jiwoo ကနားမလည်သည့်ပုံနှင့် JH ပေးသည့် အအေးသောက်ရင်းပြောလိုက်သည်။
" မသိဘူး... ဒါနဲ့ ရပြီ မင်း သွားတော့လေ ...၁နာရီ တောင်ခွဲနေပြီ..နောက်အချိန်မရှိဘူးလား "
" ဒီနေ့က အပိုခေါ်တာဆိုတော့ နောက်အချိန် မရှိတော့ဘူး....မင်း၁ယောက်တည်းဖြစ်နေမှာပေါ့..ငါနေပေးရမလား "
" ရပါတယ်ကွာ... ကိစ္စမရှိပါဘူး..အားနာလို့ပါ"
" ညကျရင်ရော.....တော်ပါပြီ ကွာ ....ငါဒီမှာပဲနေတော့မယ် အိမ်မပြန်တော့ဘူး " ဟုပြောရင်း ဆိုဖာပေါ်ရှိ စောင်တစ်ထည်ကိုဆွဲဖယ်ကာ ခုန်တက်လိုက်သည်။
" အင်း.....ညကျရင် Minhyun hyung လာမယ်ပြောတယ်...ဒါမယ့်..အခုတော့မသေချာတော့ဘူး..ထင်တယ် " JH ပြောနေရင်း မျက်နှာလေးညှိုးသွားသည်။
Hyung စိတ်ဆိုးသွားတာများလား....သူ့အသံမှာ ဒေါသသံတွေပါနေသည်။သူဘာများလုပ်မိလို့လဲ ...
" Jiwoo... Minhyun hyung ဘာဖြစ်သွားတယ်ထင် .."
သူလှည့်အကြည့်မှာတော့ ဆိုဖာပေါ် အိပ်ပျော်နေသော Jiwoo ကိုတွေ့လိုက်ရသည်။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanfictionမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...