A story

396 35 5
                                    

Unicode

ဒါက သိပ်မထူးခြားနားတဲ့ Love story တစ်ခုပါပဲ။
ပုံပြင် တစ်ပုဒ်လို့လည်း ပြောကြတယ်။
ကာယကံရှင်တွေ အပြင် ဘယ်သူကတော့ ပိုသိနိုင်မှာလဲလေ.......

ဒီအဖြစ်အပျက်က Edinburgh ဆိုတဲ့ မြို့လေးမှာ ဖြစ်ခဲ့တာ..
သာမန်ပါပဲ Merryဟာ Single mother တစ်ယောက်ရဲ့ သမီးလေး၊ သူမရဲ့ မျက်ဝန်းတွေက အညိုရောင်လေး၊ သူမဆံပင်ကလည်း အမည်းရောင်လေး၊
သူမကို အဝေးကကြည့်ရင် အရှေ့တိုင်းသူလို့ ထင်လို့ရတယ်။ဒါပေမဲ့ သူမကို အနောက်တိုင်းသူစစ်စစ်ကမွေးထားတာ။ Merry အဖေ့ကိုတော့ ဘယ်သူမှမသိဘူး။ တစ်ခါတလေ Merry အမေတောင် အဖေ့နာမည် သိရဲ့လားလို့ Merry စဉ်းစားကြည့်ဖူးတယ်။ ဒါပေမဲ့ အမေဟာ အဖေနဲ့ ပတ်သက်ရင် စကားပြောဖို့ ဝန်လေးလွန်းတော့ Merry မမေးချင်ဘူး။
Merry ဟာ မိဘနှစ်ပါးဆီက ကောင်းချီးပေးပြီး မွေးလာရတဲ့ ကလေးတစ်ယောက်တော့ မဟုတ်ဘူး။
ဒါပေမယ့် Merry အမေဘက်က ဆွေမျိူးတွေ အားလုံးတော့ Merryတို့ သားအမိကိုချစ်သလို ဂရုစိုက်ပေးကြပါတယ်။ တစ်နည်းအားဖြင့် အရှေ့တိုင်းသွေး တစ်ဝက်ပါတဲ့ Merryကို ခါးခါးသီးသီး မငြင်းပယ်ဘူးပေါ့။
Merry က ဆိုးဆိုးသွမ်းသွမ်း ကောင်မလေး မဟုတ်ပါဘူး။
Merry က သူမအမေကိုသိပ်ချစ်တယ်။သိပ်လည်း လေးစားတယ်။ နောက် ကလေးမလေးဟာ လူကြီးလည်းဆန်တယ်။ ကိုယ်တတ်နိုင်သလောက် ကိုယ့်ကိစ္စကိုယ်ဖြေရှင်းတယ်။ တပူပူတဆာဆာလုပ်တတ်တဲ့ ကလေးဆိုးလေးမဟုတ်ဘူး ငယ်ငယ်ထဲက သူမဟာ။
ဒါဟာ Single-Motherတစ်ယောက်ရဲ့ လက်အာက်မှာ ကြီးပြင်းလာတဲ့ ရလာဒ်တစ်ခုပဲလား။
သိပ်တော့မဆိုင်ရင်လည်း မဆိုင်လောက်ပါဘူး။
သူမ ဗီဇနဲ့ပဲဆိုင်တာပဲ။ အမေနဲ့အတူတူကြီးပြင်းလာရတဲ့ Merry အဖို့ သူမ ဘဝမှာ သူမ သိသလောက်
ယောကျာ်းလေး များများစားစား မရှိဘူး။
သူမကို အလိုလိုက်တဲ့ Grandpa ကလည်း သူမ အသက်၃နှစ် အရွယ်မှာပဲ ဆုံးသွားတယ်။

Merry ဟာ သူမ အမေနဲ့ Edinburgh ရဲ့ Southern partမှာ နှစ်ယောက်ထဲ နေထိုင်တယ်။
Northern ဘက် အမေ့အမျိူးတွေရှိရာအထိ သွားနေဖို့ အမေဟာ မစဉ်းစားဖူးဘူး။အကြောင်းက အမေက သူမတို့သားအမိနှစ်ယောက်ဘဝကို သူမဘာသူမပဲ ပြုစုပျိူးထောင်ချင်လို့ပဲ။
Merryကို London မှာ ကျောင်းတတ်နေတုန်း သူမအမေက မွေးခဲ့တာ။ Autumn ရဲ့အစမှာ ချမ်းအေးခြင်း ငွေ့ငွေ့လေးနဲ့အတူ မျက်ဆံ အညိုရောင် အနောက်တိုင်းသူလေးက အေးအေးချမ်းချမ်း ဝင်ရောက်လာတာ။

After the years later........Where stories live. Discover now