စာတွေမှာ ပါတဲ့အတိုင်းဆိုရရင်ဖြင့်..
ကမ္ဘာကြီးအတွက် ခင်ဗျားဟာ လူသားတစ်ယောက်ပဲဆိုပေမယ့်..
တစ်စုံတစ်ယောက်အတွက်တော့.. အဲ့ဒီလူသားဟာ ကမ္ဘာကြီးတစ်ခုလုံးဖြစ်တယ်တဲ့...♥♥♥♥♥
" မဂ်င်္လာပါ တွေ့ရတာဝမ်းသာပါတယ် ကျနော်က wu yifan ပါ "
ဆန့်ကမ်းပေးလာတဲ့ ဖြူလွလွ လက်တစ်စုံကို ကြည့်ရင်း အခုချိန်ထိ သူမ ကြောင်တက်တက်မေ့နေမိတုန်းပဲ...
တကယ်ကြီး...
တကယ်ကြီးကို...
သူက သူမရှေ့မှာရပ်နေခဲ့တာလား....ပါးစပ်ကလည်း မယုံကြည်နိုင်ဘဲ စကားတစ်ခွန်းကိုသာ ထပ်တလဲလဲ ရေရွတ်နေမိလို့....
" မုံ့ ရှောင်လန် ...အဆင်ပြေရဲ့လား "
မယုံကြည်နိုင်လွန်းလို့ ဖြစ်နိုင်ပါရဲ့လားလို့ ထပ်ခါတလဲလဲ ရေရွတ်နေမိတုန်းမှာပဲ..
ထပ်မံထွက်ပေါ်လာတဲ့ သူ့နှူတ်ခမ်းဖျားက အသံနဲ့အတူ တစ်ကိုယ်လုံး တောင့်ခဲသွားတယ်....
အခု.....
အခု...သူ..က..
သူမ နာမည်ကိုခေါ်လိုက်တာလား....."....."
အထစ်ထစ်အငေါ့ငေါ့နဲ့
ပါးစပ်က ဘာအသံထွက်သွားမှန်းတောင်မသိလိုက်မိခင်မှာပဲ အယောင်ယောင်အမှားမှားနဲ့ ကမ်းနေတဲ့ သူ့ရဲ့လက်ကို လှမ်းကိုင်လိုက်မိတဲ့အခိုက်အတန့်.....လောကကြီးက ဒုတိယအကြိမ်ထပ်မံ ရပ်တန့်သွားတယ်....
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတယ်...
ဘယ်အရာကိုမှ သူမ မမြင်မိတော့ဘဲ သူ့ရဲ့လက်ဖြူသွယ်သွယ်လေးကိုပဲ မြင်နေမိတော့တဲ့အထိ...
သူရဲ့လက်လေးတွေက သိပ်ကိုလှလွန်းတယ်...
သူများတွေကို နုဖတ်နေတာလည်းမဟုတ်...
အဲ့ဒီလက်ချောင်းသွယ်သွယ်လေးတွေအပေါ်မှာ ခပ်ရေးရေးရှိနေတဲ့ မွှေးညှင်းစိမ်းလေးတွေအထိ...
ESTÁS LEYENDO
Wu Yifan သို့မဟုတ်....
Fanficတိမ်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ဖူးလား... မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေကိုငေးကြည့်ခဲ့ဖူးလား.. ကျွန်မ မှတ်မိနေသေးတယ်.. သူဟာ ကျွန်မကို ဟိုး မိုးကောင်းကင်ပေါ်က အဆမတန်လင်းလက်နေတဲ့ ကြယ်တွေလို ငေးမောကြည့်လို့ ပြုံးပြနေခဲ့တာကိုပေါ့... သူက ကျွန်မကို မေးခဲ...