ပွဲည

26.9K 85 2
                                    

"ပွဲည"
(18+ ဇာတ်လမ်းတို)

Pyae Phyo

ရောင်စုံမီးများ၊ ဆော့စရာချာရဟက်များ၊ ၁၂ ပွဲ ဈေးသည်များ၊ ထိုးမုန့် မလှိုင်မုန့်ကစလို့ ခေါက်ဆွဲသုတ်၊ ဆိတ်ပုဆိုးကြမ်းအဆုံး စားစရာသောက်စရာ ဆိုင်တန်းများနဲ့ ပွဲခင်းတစ်ခုက အသက်ဝင်လျက်ရှိနေပါတယ်။ ပြာသိုလလို ပွဲအခါမျိုးက ပွဲကြိုက်ကိုကိုတို့ ပွဲကြိုက်မမတို့ရဲ့ လရာသီ မဟုတ်ပါလား။ အခုလည်း မန္တလေးမြို့ တံခွန်တိုင် ဘုရားပွဲက ကြက်ပျံမကျစည်ကားလွန်းတဲ့ လူအုပ်ကြီးနဲ့အတူ ဇာတ်မင်းသား စွမ်းဇာနည်ရဲ့ ရုံသွင်းပွဲကလည်း လက်မှတ်မလောက်ငှလောက်အောင်အထိ ကျိတ်ကျိတ်တိုးနေပါတော့တယ်။ ၂၀၀၉ ဝန်းကျင်လောက်ကဆိုတော့ စွမ်းဇာနည်ဆိုတာလည်း သိပ်တော့ နာမည်ရလှတဲ့ ဇာတ်မင်းသားတစ်လတ်တော့ မဟုတ်သေးဘူးဗျ။ ဒါပေမယ့်လည်း ပွဲငတ်နေတဲ့ အချိန်နဲ့ ကြုံတော့ ရုံပြည့်ရုံလျှံ အားပေးတဲ့သူတွေရှိနေတာပေါ့။ ထိုအားပေးတဲ့ လူအုပ်ကြီးထဲမှာ ဇင်ကိုလည်းပါသဗျ။

ဇင်ကိုက ပွဲဂျိုး.. ပွဲဝါသနာအိုး။ စတိတ်ရှိုး မြူးပြီဟေ့ဆို ဝုန်းဝုန်းဒိုင်းဒိုင်း ခုန်ပေါက်ကတော့တာ။ လူကောင် ပိန်ပိန်၊ အရပ်ရှည်ရှည်နဲ့ ဂျင်းဘောင်းဘီအရှည်၊ အင်္ကျီ ဂျိုင်းပြတ်များ ဝတ်ထားရင် ဂိုက်စပေါက်က အလွင့်။ ခုလည်း သူ့ဘော်ဒါ ဘော်ဂျွတ်တွေနဲ့အတူ ပွဲလာကြည့်တာ။ စတိတ်ရှိုး တစ်ဝက်လောက်မှာပဲ ပွဲဆူအောင် ကဲလွန်းတဲ့ သူတို့ အုပ်စုကို လုံခြုံရေးတွေက ဖမ်းချုပ်ခေါ်သွားကြလေရဲ့။ ဇင်ကိုက လူလည်ပက်ကား။ နံမှတ်ဒုတ်တွေနဲ့ လုံခြုံရေးတွေဝင်လာတာတွေ့တာနဲ့ ဇာတ်စင်အောက် ဝင်ပုန်းနေလိုက်တာ။ ပွဲငြိမ်သွားပြီဆိုမှ ပြန်ထွက်လာတယ်။ သူတို့အဖွဲ့မှာ သူတစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တော့တယ်။ သူလည်း နည်းနည်း ရှိန်သွားတယ်။ စောစောကလောက် သိပ်မကဲရဲ မကရဲတော့။ စလိုးလေးပဲ ဆွဲရင်း ငြိမ့်နေမိတော့တယ်။ ခဏနေတော့ သေးပေါက်ချင်လာတာနဲ့ ရုံထဲက ထွက်လာခဲ့တယ်။ ရုံအနောက် ခပ်လှမ်းလှမ်းမှာ မယ်ဇလီပင်တွေနဲ့ ခြုံကောင်းကောင်း ရှိတဲ့နေရာမှာ အမှောင်ရိပ်ခိုရင်း သေးတည်ပေါက်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: May 04, 2018 ⏰

Add this story to your Library to get notified about new parts!

ပွဲညWhere stories live. Discover now