Random 5 ရှုပ်ထွေးမှု

5K 331 9
                                    

》》》》》》2018, June

'.....'

'.. ကို... နှင်းမိုးခြိမ်းရင်ကြောက်တတ်တာ မေ့သွားပြီလားဟင်..'

အိမ်ကြီး၏အပြင်မှ မှောင်မိုက်နေသောကောင်းကင်အား လက်ညှိုးညွှန်လျက် သူမပြောလာသည်။

သည်းထန်စွာ ရွာချနေသော မိုးရေစက်များကြားမှ..တစ်ချက်တစ်ချက်ကောင်းကင်ကြီးက တောက်ပစွာ လျှပ်စီးလက်ရင်း မိုးခြိမ်းသံတွေကပါ ရောပါလာတတ်သည်။

'..ကို.. နှင်းကြောက်တယ်.. ဟင့်..'

သူမက လက်နှစ်ဖက်လုံးဖြင့် ကိုယ်ကိုထွေးပိုက်လျက် ကျနော့်အားမော့ကြည့်လာသည်။
မျက်ရည်စများက တစ်ချက်တစ်ချက်တောက်လာသော လျှပ်စီးများကြားတွင် လက်ခနဲ လက်ခနဲ..

သူမ၏ ရွှေရောင်ဆံနွယ်ခွေတို့က ပုခုံးတစ်ဖက်စီမှ ပိုက်ထားသောလက်တို့ပေါ် အိကျနေကြသည်။

'..ကို...'

မှန်ပြတင်းပေါက်ကြီးမှ တစ်စွန်းတစ်စမြင်နေရသော သစ်ပင်များက ယိမ်းထိုးလျက်..
အဖြူရောင် လိုက်ကာစများလည်း လေနှင့်အတူလှုပ်ခတ်နေလေသည်။

အိမ်ကြီးမှာလည်းသူတို့နှစ်ယောက်မှလွဲ၍ မည်သူမျှမရှိ..

အထိန်းတော်နှင့် အိမ်ဖော်များအားလုံးကို မြို့တော်တစ်ဖက်ခြမ်းရှိ အိမ်တော်ထံ ပြောင်းရွှေ့ပေးထားသည်လေ..

'....ကို... နှင်းကို အရင်ကလိုဖက်ထားပေးလို့မရဘူးလား.. နှင်းအရမ်းကြောက်နေလို့ပါ..
နှင်းကို ဖက်ထားပေးပါ... နော်.. ကိုနော်..'

သူမက ပိုက်ထားသောလက်နှစ်ဖက်အား ကျနော့်ကိုဆန့်တန်းပေးလာသည်။ ကျနော်စည်းပေးလက်စ သူမလက်ဖဝါးမှပတ်တီးစအဖြူက လက်များမှတစ်ဆင့် သားမွှေးကော်ဇောထက် လျော့ရဲစွာကျနေကြသည်။

ပတ်တီးစကလည်း သူမ၏သွေးတွေကြောင့် အနီရောင် ဟိုတစ်ကွက်ဒီတစ်ကွက်..

အရင်စိတ်နဲ့ဆို သူမ ပြောစရာမလိုဘဲ တစ်ခါတည်းသူမကိုထွေးပွေ့ထားလိုက်မှာဖြစ်ပေမဲ့.. အခုကျနော်က သူမကစားပွဲရဲ့ နယ်ရုပ်တစ်ရုပ်မှမဟုတ်တော့ပဲလေ..

Boku No Random BL(OC)[completed]Where stories live. Discover now