~၃~

1.2K 167 40
                                    


"ဟင် ကလေးး ပန်းပွင့်ငယ် "

မျက်စိရှေ့မှာ တွေ့နေရတဲ့ ကလေးငယ်လေး ကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်မိသည်။

ကျွန်တော့် နှလုံးသားရဲ့ အရှင်သခင် ပန်းပွင့်ကလေး ဟာ တိုက်ဆိုင်လွန်းစွာပဲ ကျွန်တော့် ရဲ့ မျက်စိရှေ့ကို ထွက်ပေါ်လာခဲ့တာ....

ဤမျှ လောက် မြတ်နိုးဖွယ် ကောင်းတဲ့ ကလေးငယ် လေးဟာ ကျွန်တော် အကျိုးတူ ပူပေါင်း လိုက်တဲ့ Do Group ရဲ့ တစ်ဦးတည်းသော သားငယ်လေး တဲ့လားလေ....

ကျွန်တော် ဘယ်လောက်တောင် ကံကောင်းလိုက်ပါသလဲ........

ကြည့်ရတာ ဘုရားသခင် က ကျွန်တော့်ရဲ့ ပထမဦးဆုံးသော အချစ်အတွက် ကောင်းချီး ပေးတယ် ထင်ပါရဲ့လေ...။

" တွေ့ရတာ ဝမ်းသာပါတယ် ဦး..... "

အပြုံးတွေ ဝေကာ နှုတ်ဆက်တဲ့ ကလေးငယ်ရဲ့ အခေါ်အဝေါ်မှာ ကျွန်တော့် နှလုံးသား ဒုတ်ခနဲ ခုန်သည်။

ဘယ်သူမှ ခေါ်ဆိုဖူးခြင်း မရှိတဲ့  ဦးဆိုတဲ့ အခေါ်အဝေါ်မှာ ကိုယ့် နှလုံးသားတွေ ဆတ်ဆတ်ခါ ကြွေကုန်တော့တာပဲ ကလေးငယ်ရယ်~~~

အို~~အပြုံးလေးတွေက ဖြူစင်လိုက်တာ ကလေးငယ်...

ကလေးနဲ့ ပက်သက်တဲ့ အရာ မှန်သမျှဟာ ကိုယ့် နှလုံးသားကို တစ်စစီ ခြွေနေတော့တာ ပါလား ပန်းပွင့်ငယ်ရယ်...

ဖြူဥနေတဲ့ ရွှေမျက်နှာတော်လေးပေါ်က မျက်လုံး ဝိုင်းဝိုင်းကလေးတွေ နှာခေါင်းလုံးလုံးကလေးနဲ့ အထူးခြားဆုံး အသည်းပုံ နှုတ်ခမ်းလေးတွေကို ထိတွေ့ဖူးချင်လိုက်တာ ပန်းပွင့်ငယ်.....

အား!........ ကိုယ်တော့ ဆေးမမှီတော့ဘူး ထင်ပါရဲ့လေ.....

၂၅ နှစ် နီးပါး မည်သူ တစ်ဦးတစ်ယောက်ကိုမှ လှည့်မကြည့်ဖူးခဲ့တဲ့ ကိုယ်ဟာ ကလေးငယ်နဲ့ကျမှ အချစ်ရူး လုံးလုံး ကို ဖြစ်နေတော့တာပဲ  .....

ဒါပေမယ့်လည်း ကိုယ့်ရူးခါမှုဟာ ကလေးငယ်ရဲ့ ပြည့်စုံမှုနဲ့ ယှဉ်ရင်တော့ နည်းပါးပါသေးသည်။

ကလေးငယ် က ပင်ယံထက်က ပန်းပွင့်လေး လိုမျိုး ထိရက်စရာ မရှိအောင် လှပလွန်းတာမို့....~~

ပန်းပွင့်လေးရဲ့ ဥယျာဉ်မှူး....🌹Where stories live. Discover now