လှမ်းတယ်.....လျှောက်တယ်.....
လဲကျတယ်..ပြန်ထတယ်..
တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်မှုကမူမှန်ပေမယ့်
အချိန်မမှန်ခဲ့ဘူး..လက်လှမ်းဖို့ကြိုးစားပေမယ့်
အောင်မြင်လာတယ်ဆိုတဲ့ဖြစ်တည်မှုက
ဝေးကွာသွားနေပြီဆိုတာသိလိုက်ရတယ်
ချစ်ခြင်းတရားမည်သောအချစ်တစ်ခုက
ပေးဆပ်ခြင်းကိုရင်ဝယ်ပိုက်ပြီးချစ်တတ်လာတယ်..
အောင်မြင်မှု ကြောင့်ဖြစ်တည်တဲ့အချစ်မဟုတ်ဘဲ..
အောင်မြင်မှုကို
အားပေးပြီးနောက်ကွယ်ကနေအပြုံးပန်ဆင်တဲ့
ချစ်ခြင်းနဲ့ချစ်တတ်လာတယ်..သိတာပေါ့
တစ်နေ့နေ့တော့ဝေးကွာကြမယ်ဆိုတာ...
မတွေးချင်သေးပါဘူး..နည်းနည်းအတ္တဆန်နေမိတာ
အမှန်ပါ...တစ်ချိန်ချိန်ချစ်ရသူတွေနဲ့တွေ့ဆုံချိန်
ဝေးကွာကြမှာဘဲလေ...
အင်း...မတူညီိတာကို....တူညီအောင်ညှိမရတာ
လောကကံတရားလို့ဘဲ
မှတ်ယူလိုက်ပါ့မယ်လေ...
♪♪:KES:
:FEELING NOTE: