》》》》》》2018, June
အိမ်တော်မှ ထွက်လိုက်သည်နှင့် မိုးစက်များက ကျနော့်ကိုယ်အနှံ့ ရိုက်ခတ်လာကြသည်။
အေးစက်လွန်းလိုက်တာ..
လေတစ်ချက်တိုက်လိုက်တိုင်း ကျနော့်ကိုယ်တစ်ခုလုံးအေးခနဲ..
မကြာသေးခင်က နွေးထွေးမှုပေးနေခဲ့သော ကျနော့်ကုတ်အင်္ကျီရှည်က တခဏလေးအတွင်း စိုရွှဲသွားသည်။'Haa~ haa~'
မျက်နှာထက် စီးကျလာသော မိုးရေတို့ကို လက်ဖြင့်ဖယ်ရှားလိုက်ရင်း ကောင်းကင်ကြီးကို တစ်ချက်ကြည့်မိတော့..
'..haa..'
မှောင်မိုက်နေသည်က မြင်နေကျကြယ်လေးတွေကိုတောင် မမြင်ရ..
တိမ်မဲများကြား ခပ်မှိန်မှိန်လင်းနေတာကတော့ လလေးဖြစ်မည်ထင်သည်။မော့ကြည့်နေမိသော ကျနော့်မျက်နှာပေါ်တွင် မိုးစက်များ တဖွဲဖွဲကျဆင်းလာနေသည်။
ကျနော့်နှုတ်ခမ်းက တဆတ်ဆတ် လှုပ်ခါနေတော့မှ ကျနော် ကိုယ်မှအေးစက်မှုကို သတိထားမိသည်။အေးစက်လွန်းလိုက်တာ..
သစ်ပင်များက လေကြောင့်ယိမ်းထိုးနေလျက်..
သစ်ရွက်အချင်းချင်းထိခတ်သံက နားထဲအတိုင်းသား..တစ်ချက်တစ်ချက် လျှပ်စီးလက်သွားသည်က ကျနော့်ဘေးဘက်ရှိ လှုပ်ခတ်နေသော သစ်ပင်များကိုပင် ရှင်းရှင်းလင်းလင်းမြင်နေရသည်။
'ထောက်!'
ကျနော့်ရှေ့တည့်တည့်ပြုတ်ကျလာသော သစ်ကိုင်းတစ်ခုကြောင့် ကျနော်အမြန်ရပ်လိုက်မိသည်။
ကျနော့်ခြေရင်းမှ သစ်ကိုင်းကရေအိုင်ငယ်လေးထဲတွင် ငြိမ်သက်လျက်..
ထိုသစ်ကိုင်းမှ သစ်ရွက်စိမ်းစိမ်းများကတော့ လေနှင့်အတူ ဆက်လက်လွင့်ပါနေလေတယ်..သစ်ကိုင်းတောင်ကျိုးတဲ့အထိ လေတွေတိုက်နေတာလား..
ကျနော့်အတွက်တော့ ဒီလိုလေက ဘာမှမဖြစ်စေပေမဲ့ ရှင်း..
အဆုတ်အားနည်းတဲ့ ရှင်းအတွက် ကျနော်စိတ်ပူမိသည်။ပြီးတော့ သူကကျနော့်လို အင်္ကျီအထူဝတ်ထားတာမှ မဟုတ်တာ..
အနက်ရောင်ခေါင်းစွတ်အင်္ကျီ အပါးလေး တစ်ခုတည်းနဲ့..
YOU ARE READING
Boku No Random BL(OC)[completed]
Romantizmတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai