''Hyung မျက်လုံးမှိတ်လိုက် ''
''ဘာလို့လဲ...''
သီချင်းရေးနေတဲ့နေရာကို အတင်းလာပြီး မျက်လုံးမှိတ်ခိုင်းနေတဲ့ ကောင်လေး။ ဂီတာကြိုးညှိနေရင်း လှည့်မကြည့်ပဲ ဖြေလိုက်တာဆိုတော့ နှုတ်ခမ်းကတော့ တစ်တောင်လောက်စူထော်နေမယ်ဆိုတာ ခန့်မှန်းမိပြီးသား။
''Hyung လို့.....Hyung ''
''အင်းးးး....လို့ ''
သူ့လိုပဲ စိတ်မရှည်သံနဲ့ ပြောတော့ နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြသည်။ ဒီလိုအပြုံးတွေကို ကျနော်တကယ် ကြောက်မိတယ်။
''ချစ်ရင် ကျနော် ခိုင်းသလိုလုပ်ဆို ''
''အင်း...အင်းအင်း ''
တီးလက်စ ဂီတာရော စာရွက်တွေပါချပြီး သူပြောသလိုလုပ်တော့ အသံထွက်ပြီးတော့တောင် ရယ်လိုက်သေးတယ်။
''ဘာမြင်ရလဲ ဟမ် ''
''ဘာမြင်ရမလဲ ဘေဘီရဲ့ မျက်လုံးမှိတ်ထားပါတယ်ဆို မှောင်မဲနေတာပေါ့ ''
''အင်း အဲ့တာ ခင်များမရှိတဲ့ ကျနော့်ကမ္ဘာပဲ''
''ဟမ် ဘေဘီ...''
မျက်လုံးပြန်ဖွင့်ရင်း သူ့ကိုထူးဆန်းသလိုကြည့်တော့ အပြစ်ကင်းတဲ့ ကလေးလေးလို ဟိုကြည့်ဒီကြည့်နဲ့။ သူ ဒီလိုတွေလျှောက်လုပ်ရင် ကျနော်ဘယ်လိုဖြစ်သွားလဲ ဆိုတာ သိရက်နဲ့...။ အဲ့တာကြောင့် ဒရာမာတွေမကြည့်စေချင်တာပါဆို။ ဇာတ်လမ်းထဲက မင်းသား မင်းသမီး ရိုတဲ့အခန်းတွေ ကြည့်ပြီး သူက ပြန်သရုပ်ဆောင်ချင်တဲ့ ကောင်လေး။ နောက်နေမှန်းမသိ စ,နေမှန်းမသိ ကိုယ်ကရင်ခုန်ပါတယ်ပြောရင် ထရယ်ဦးမယ်။
''ဒရာမာထဲက မင်းသားတွေလည်း အဲ့လိုပြောပေမဲ့ ဒါကသရုပ်ဆောင်တာမဟုတ်ဘူးနော်။ ဒါမျိုး တကယ်ပြောချင်နေတာ...ဟီးးး ကိုကို့ကို ချစ်တယ်''
သူက ကျနော့်အတွေးတွေကို သိနေသည့်အလား။
''ဘေဘီ...''